Healthy Life Ad
Life Style

ပါးနီလှလှ ခြယ်ကြစို့

၊ လရိပ်မေ ၊

မတူညီတဲ့ ပါးနီလိမ်းခြယ်နည်း လေးမျိုးကို အသုံးပြုပြီး ပါးနီကို အဆင့်ဆင့် ဘယ်လိုခြယ်သရမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


နည်းလမ်း (၁) ဂန္ထဝင်ဆန်သော အလှပိုင်ရှင်အသွင်

ကြည့်လိုက်တာနဲ့ ဂန္ထဝင်ဆန်တဲ့ အလှပိုင်ဖြစ်စေဖို့ လိမ်းခြယ်ရမယ့်နည်းလမ်းက ပါးရိုးထိပ်ပေါ်မှာ ပါးနီလိမ်းပေးရမှာပါ။ အရင်ဆုံး ဆံစပ်နေရာက စလိမ်းပြီး ပါးရိုးအတွင်းထဲအထိ လိမ်းပေးပါ။ ဒီလိမ်းခြယ်နည်းက ဘယ်လို မျက်နှာပုံစံမျိုးနဲ့မဆို သင့်တော်ပြီး သဘာဝကျကျ တည်ငြိမ်တဲ့အလှကို ရရှိစေပါတယ်။


နည်းလမ်း(၂) ကျန်းမာတောက်ပသော အလှပိုင်ရှင်အသွင်

ပါးပြင်ရဲ့ အလယ်နေရာမှာ စက်ဝိုင်းပုံစံ လှည့်လည်ပြီး ပါးနီလိမ်းပေးပါ။ ဒီလိမ်းခြယ်နည်းက မျက်နှာရှည်သွယ်သူတွေနဲ့ လိုက်ဖက်ပြီး မျက်နှာကို အလယ်နေရာက ဖြတ်ထားသလိုဖြစ်စေတဲ့အတွက် မျက်နှာဝိုင်းသယောင်ထင်ရပါတယ်။


နည်းလမ်း (၃) ပါးရိုးမြင့်မြင့် အလှပိုင်ရှင်အသွင်

အပေါ်မေးရိုးပေါ်မှာ ပါးနီကိုလိမ်းပေးပါ။ သတိထားရမှာတစ်ခုက မျက်ဝန်းအောက် အတွင်းပိုင်းထဲကို လုံးဝမလိမ်းဖို့ပဲဖြစ်ပါတယ်။ ပါးချိုင့်နေရာအထိ လိမ်းပေးပါ။ ဒီလိမ်းခြယ်နည်းက ဘယ်လိုမျက်နှာပုံစံမျိုးနဲ့မဆို လိုက်ဖက်ပေမယ့် ပါးရိုးကို ပေါ်လွင်စေပါတယ်။


နည်းလမ်း (၄) ပါးရိုးသွယ်သွယ်အလှပိုင်ရှင်အသွင်

နားအလယ်ပိုင်း ဆံစပ်နေရာကနေ စတင်လိမ်းခြယ်ရမှာဖြစ်ပြီး နှုတ်ခမ်းအဖျားအထိ ခြယ်ရမှာပါ။
ဒီလိမ်းခြယ်နည်းက မျက်နှာပြည့်ဝန်းသူနဲ့ မျက်နှာလေးထောင့်ကျသူတွေနဲ့ လိုက်ဖက်ပြီး ပါးပြင်အရွယ်အစားကို လျော့ကျစေတဲ့အတွက် မျက်နှာရှည်သယောင် ကြည့်ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top