Healthy Life Ad
Health Tips

မှိုစားရအောင်

၊ လရိပ်မေ ၊

မှိုတွေရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လူသိနည်းခဲ့ကြပါတယ်။ မှိုက အရသာလည်းရှိပြီး ကျန်းမာရေးကောင်းကျိုးလည်းများပါတယ်။ သတိပြုရမှာကမှိုကို ကောင်းစွာကျက်အောင် ချက်ပြုတ်စားသုံးဖို့နဲ့ အဆိပ်အတောက်ပြေအောင် ကန်စွန်းရွက်နဲ့ ရောချက်တာ၊ ကြက်ဟင်းခါးရွက်နဲ့ ရောချက်တာတို့ပြုလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

(၁) ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း
မှိုမှာ ရောဂါတွန်းလှန်ပေးနိုင်တဲ့ ဖိုင်တိုကမ်မီ ကယ်ဓာတ်တွေပါဝင်နေတာကြောင့် မှိုတွေကို အ များအပြားစားပေးတာဟာ တရုတ်နဲ့ ကိုရီးယား အမျိုးသမီးတွေမှာ ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေကြောင်း လေ့လာမှုအရတွေ့ရပါတယ်။ ကြွက်တွေကိုလေ့လာမှုအရ မှိုစားတာက ဆီးကျိတ် ကင်ဆာဆဲလ်ပွားများမှုကို ကင်းဝေးစေကြောင်း၊ အမျိုးသားတွေမှာလည်း အလားတူအာနိသင်ရရှိစေ နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

(၂) အာဟာရဓာတ် ကောင်းစွာရရှိစေခြင်း
မှိုအသင့်အတင့်ပမာဏကို စားပေးတာက တစ်နေ့တာလိုအပ်တဲ့ ဆီလီနီယမ်ပမာဏရဲ့ ၂၁ ရာခိုင်နှုန်း၊ လိုအပ်တဲ့ကော့ပါး(ကြေးနီ)ပမာဏရဲ့ သုံးပုံတစ်ပုံပမာဏနဲ့ ငှက်ပျောသီးအလတ် တစ်လုံး မှာပါတဲ့ ပိုတက်စီယမ်ပမာဏတို့ကို ရရှိစေပါတယ်။ မှိုကိုကြော်တာ၊ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ချက်တာနဲ့ ပြုတ် တာတို့ကြောင့်လည်း အာဟာရတန်ဖိုးဆုံးရှုံးခြင်း မဖြစ်စေနိုင်ပါဘူး။

(၃) ကိုယ်အလေးချိန် ထိန်းပေးခြင်း
မှိုစားတာက တခြားအသားတွေ စားတာနဲ့ ယှဉ်ရင် ကယ်လိုရီ ၄၀ဝခန့် လျှော့ပေါ့ရရှိတယ်လို့ ဂျွန် ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ တစ်ပတ်မှာ တစ်ကြိမ် အသားတစ်နပ်စာနေရာမှာ မှိုကို အစားထိုးစားသုံးပါက တစ်နှစ်အကြာမှာ ကိုယ်အလေးချိန် ငါးပေါင်ခန့် လျော့ကျနိုင်ခြေရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။ မှိုကို ထောပတ်၊ ဆီစတာတွေ အများကြီးသုံးပြီး မချက်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top