Healthy Life Ad
International

ဂျပန်မှာ အပျို၊ လူပျို ကြောက်စရာ ကောင်းအောင် များပြားလာ

၊ မိုးမင်းထွန်း ၊

ဂျပန်အစိုးရက အိမ်ထောင်သားမွေးပြုလုပ်ဖို့ မက်လုံးအမျိုးမျိုးပေးပေမယ့် ဂျပန်နိုင်ငံဟာ ကမ္ဘာ့ သက်ကြီးရွယ်အို အများဆုံးရှိရာ၊ လူပျိုအပျိုအများ ဆုံးရှိရာနိုင်ငံဖြစ်နေဆဲဖြစ်ပါတယ်။

လေ့လာမှုအသစ်အရ အသက် ၁၈ နှစ်က ၃၄ နှစ်အတွင်းရှိ ဂျပန်တွေမှာ လူပျိုအမျိုးသား ၇၀ ရာခိုင်နှုန်းနဲ့ အပျိုအမျိုးသမီး၆၀ရာခိုင်နှုန်းတို့က ရည်းစားသနာတောင်မရှိကြပါဘူး။ ပိုဆိုးတာက အမျိုး သား ၄၂ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၄ ဒသမ ၂ ရာခိုင်နှုန်းတို့က လိင်ဆက်ဆံဖူးခြင်းမရှိတဲ့ အပျိုစင်၊ လူပျိုစင်ဖြစ်နေကြတာပါ။ လေ့လာမှုကို ဂျပန်လူဦးရေနဲ့ လူမှုလုံခြုံရေးသုတေသနဌာနက ၅ နှစ်တစ် ကြိမ်ကျပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်က အပျိုလူပျို အရေအတွက် အမျိုးသား ၄၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၉ ဒသမ ၅ ရာခိုင်နှုန်းတို့ ရှိခဲ့ကြပါတယ်။ ၂၀၁၀ခုနှစ်က အမျိုးသား ၃၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၈ ဒသမ ၇ ရာခိုင်နှုန်း တို့က လိင်ဆက်ဆံဖူးခြင်းမရှိကြောင်း စစ်တမ်းအရ သိရပါတယ်။

လက်ထပ်ပြီးစုံတွဲတွေရဲ့ ကလေးမွေးနှုန်းက လည်း ဒီနှစ်မှာစံချိန်တင်ကျဆင်းခဲ့ပါတယ်။ ဂျပန်အစိုးရက နိုင်ငံရဲ့ကလေးမွေးဖွားနှုန်းတက်လာဖို့ အစီအစဉ်တွေချမှတ်ထားပြီး အခမဲ့ကလေးပြုစုရေးလုပ်ငန်းတွေ၊ ကလေးရှိတဲ့ အိမ်ထောင်တွေကို အခွန်အခ လျှော့ကောက်ခံတာတို့ကို ပြုလုပ်ပေးနေပါတယ်။

ဂျပန်တွေက တစ်နေ့မှာ အိမ်ထောင်ပြုဖို့ရည် ရွယ်ထားပေမယ့် စိတ်ကူးထားတဲ့ အိမ်ထောင်ရေးနဲ့ လက်တွေ့ဘဝကြား ကွာဟချက်ရှိနေတာကြောင့်ရွှေ့ ဆိုင်းရင်း၊ ရွှေ့ဆိုင်းရင်းနဲ့လူပျိုကြီး၊ အပျိုကြီးဖြစ်နေ ကြကာ တိုင်းပြည်ရဲ့ကလေးမွေးဖွားနှုန်းကို ထိခိုက်နေတယ်လို့ လေ့လာမှုဦးဆောင်သူ ဖူတိုရှီအီရှီက ပြောကြားသွားပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top