Healthy Life Ad
International

အလုပ်အလွန်အကျွံမလုပ်ရန် ဂျပန်အစိုးရက ပြည်သူသို့ပန်ကြား

၊ မိုးမင်းထွန်း ၊

အလုပ်အလွန်အကျွံလုပ်တာကြောင့် ကျန်းမာရေးထိခိုက်မှုတွေမဖြစ်အောင် အလုပ်သမားတွေရဲ့ အချိန်ပိုအလုပ်ချိန်ပမာဏကို ကန့်သတ်ဖို့ တိုင်းတာမှုတွေပြုလုပ်မယ်လို့ ဂျပန်အစိုးရကကြေ ညာလိုက်ပါတယ်။

ဂျပန်အလုပ်အင်အားစုရဲ့ ငါးပုံတစ်ပုံဟာ ဂျပန်လို ကာရိုရှိခေါ်တဲ့ အလုပ်အလွန်အကျွံလုပ်တာကြောင့် အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ သူတို့ဟာ လစဉ်အချိန်ပို နာရီ၈၀ကျော်အလုပ်လုပ် ကြတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့လက ကြော်ငြာ အေဂျင်စီတစ်ခုမှ အလုပ်သမားတစ်ယောက်ဟာ တစ်လအချိန်ပို နာရီ ၁၀ဝကျော် လုပ်ဆောင်ရင်း သေဆုံးသွားတာကြောင့် ဂျပန်ရဲ့အလုပ်ယဉ်ကျေးမှု အပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

လူတစ်ယောက် အလုပ်လုပ်နိုင်တဲ့ အချိန်ပို နာရီပမာဏကိုတိုင်းတာနေပြီး ဖေဖော်ဝါရီလမှာလ တိုင်းရဲ့နောက်ဆုံးသောကြာနေ့မှာ ရုံးစောစောဆင်းမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ရှိကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောပါတယ်။ ဝေဖန်သူတွေက ဒီအစီအစဉ်တွေဟာ ပိုကောင်းတဲ့ အလုပ်နဲ့ ဘဝ ဟန်ချက်ညီစေမှုဆီကို ဦးတည်သွားဖို့ မလုံလောက်သေးကြောင်း ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ကလေးငယ်ပြုစုပျိုး ထောင်ဖို့ အချိန်၊ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ပြုစုဖို့အချိန် စတဲ့ကိုယ်ပိုင်အချိန်မျိုးတွေ ရရှိစေဖို့ ဟန်ချက်ညီတဲ့ အလုပ်ယဉ်ကျေးမှုတစ်ခုအကောင် အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ဝေဖန်ထားကြပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top