Healthy Life Ad
Life Style

ဂျပန်မင်းသား၏ ကိုယ်တွေ့ ဗိုက်ချပ်နည်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဂျပန်မင်းသား မစ်ကီရော့စုကီဟာ သီတင်းပတ် အနည်းငယ်အတွင်း ကိုယ်အလေးချိန် ၁၃ကီလို(၂၈ပေါင်)လျော့ကျပြီး ခါး ၁၂ စင်တီမီတာ သွယ်လျသွားတယ်လို့ဆိုပါတယ်။ ဒီလို အဆီကျပြီး ခါးသွယ်လျသွားရတာက တစ်နေ့မှာ နှစ်မိနစ်ခန့် လေ့ကျင့်ခန်းတစ်ခု ပြုလုပ်တာကြောင့် ဖြစ်ပါတယ်တဲ့။

အဲဒီနည်းကတော့ အသက်ပြင်းပြင်း ရှူသွင်းတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သုံးစက္ကန့်ကြာအသက်ပြင်းပြင်း ရှူသွင်းပြီး ခုနစ်စက္ကန့်ကြာ အသက်ပြင်းပြင်းရှူထုတ်တဲ့နည်းပဲ ဖြစ်ပါတယ်။

ဥရောပဆရာဝန်အများစုကလည်း ကိုယ်အလေးချိန်လျော့ကျဖို့အတွက် အသက်ရှူသွင်းတဲ့ လေ့ကျင့်ခန်းကို အားပေးပါတယ်။ ဒီနည်းပြုလုပ်ရင် ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်တွေကအဆီဆဲလ်တွေဆီရောက်ပြီး အစိတ်အပိုင်းတွေ ကွဲထွက်သွားစေပါတယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်က အောက်ဆီဂျင်များများ အသုံးပြုလေလေ အဆီတွေ ပိုမိုလောင်ကျွမ်းလေလေဖြစ်တာကို တွေ့နိုင်မှာပါ။

လေ့ကျင့်နည်း
ဒီလေ့ကျင့်ခန်းကို အချိန် ၂-၁၀ မိနစ်ခန့် နေ့စဉ်နေ့တိုင်းပြုလုပ်နိုင်ပါတယ်။
(၁) မတ်မတ်ရပ်ပြီး ခြေထောက်တစ်ဖက်ကို ရှေ့မှာထားပါ။
(၂) တင်ပါးဆီ ဖိအားသက်ရောက်ဖို့လိုပြီး သင့်ကိုယ်အလေးချိန်ကို နောက်ခြေပေါ်သက်ရောက်ပါစေ။
(၃) သုံးစက္ကန့်လောက် ဖြည်းဖြည်းချင်း အသက်ရှူသွင်းပြီး လက်နှစ်ဖက်ကို ဦးခေါင်းအထက်အထိ မြှင့်ပေးပါ။
(၄) ပြီးရင် အချိန်ခုနစ်စက္ကန့်ခန့် အသက်ရှူထုတ်ပေးသင့်ပါတယ်။ အဲဒီအချိန်မှာ တစ်ကိုယ်လုံးရဲ့ ကြွက်သားတွေကိုတင်းပြီး လေထုတ်ပေးရမှာပါ။

လေ့ကျင့်နည်း
ဒီနည်းလမ်းဟာ ခန္ဓာကိုယ်ကြွက်သားတွေကို သန်စွမ်းစေပြီး တစ်ကိုယ်လုံးရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်း စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top