Healthy Life Ad
Life Style

ဆားရည်ငုံပြီး ပလုတ်ကျင်းခြင်း၏ အစွမ်း

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ် ဆရာဝန်ကြီး)

ဆားရည်နဲ့ပလုတ်ကျင်းရင် ဘယ်လို အကျိုးရှိလဲဆိုတော့ ဆားမှာ ဆိုဒီယမ်ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေထဲကို ဆိုဒီယမ်ဝင်နိုင်၊ ထွက်နိုင်တယ်။ ဘက်တီးရီးယား ပိုးတွေထဲကိုလည်း ဆိုဒီယမ်ဝင်နိုင်၊ ထွက်နိုင်တယ်။ ဆားများများထည့်ပြီး ပလုတ်ကျင်းရင် ဆဲလ်တွေထဲကို ဝင်တာများသွားကာ ဘက်တီးရီးယားတွေက သေကုန်တယ်။ အဲဒါကြောင့် ဆားက ဘက်တီးရီးယားပိုးတွေကိုနိုင်တဲ့အစွမ်း သတ္တိရှိတယ်။ ဆားရည်ငုံပြီး ပလုတ်ကျင်းပေးရင် သွားဖုံးဝေဒနာတွေကို သက်သာစေပါတယ်။

သွားဖုံး ရောင်ရမ်းနေချိန်
သွားဖုံးတွေရောင်ပြီး သွားတိုက်တိုင်းသွား ဖုံးကနေသွေးထွက်နေတယ်ဆိုရင် ဘက်တီးရီးယား ပိုးဝင်တာဖြစ်တတ်တဲ့အတွက် ဆားရည်ငုံပြီး ပလုတ်ကျင်းပေးဖို့ လိုပါတယ်။

သွားနုတ်ပြီး နှစ်ရက်-သုံးရက်ကြာချိန်
သွားနုတ်ထားပြီး နောက်နှစ်ရက်-သုံး ရက်အကြာမှာ ဆားရည်ငုံပြီး ပလုတ်ကျင်းပေးရင် ကောင်းပါတယ်။သာမန်အချိန်တွေမှာတော့ ဆားရည်ကို ငုံပြီး ပလုတ်ကျင်းပေးစရာမလိုပါဘူး။ သွားနဲ့ ခံတွင်းသန့်စင်ကျန်းမာဖို့ ပုံမှန်လုပ်ပေးသင့်တာက ပလုတ်ကျင်းပေးမယ်၊ သွားတိုက်ပေးမယ်၊ သွားပွတ်ကြိုးနဲ့ သေချာသန့်စင်ပေးမယ် . . အဲဒီလို လုပ်ပေးရင် သွားနဲ့ခံတွင်းသန့်စင်မှာ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top