Healthy Life Ad
Health Tips

ပရုတ်ဆီကို ခြေထောက်တွင် လိမ်းပေးခြင်းဖြင့် ချောင်းဆိုးဝေဒနာ သက်သာစေနိုင်

ပရုတ်ဆီ (ဥပမာ- Vicks VapoRub)ကို ခြေထောက်မှာ လိမ်းပေးရင် ချောင်းဆိုးဝေဒနာ သက်သာစေနိုင်ပါတယ်။ ဒီနည်းကို အိပ်ရာမဝင်ခင် ပြုလုပ်သင့်ပြီး ခြေစွပ်ဝတ်အိပ်ပေးသင့်ပါတယ်။ ဒီနည်းဟာ ချောင်းဆိုးနေတဲ့ ကလေးငယ်တွေမှာလည်းထိရောက်မှုရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ချောင်းဆိုးတဲ့ ရက်က ကြာရှည်နေပြီး အောက်ပါ လက္ခဏာတွေနဲ့ တွဲဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်နေပါပြီ။

-ဖျားပြီး သုံးရက်ကျော်အတွင်း ချောင်းဆိုးတဲ့ ဝေဒနာကမပျောက်ရင်၊

-သလိပ်ထွက်တဲ့ ချောင်းဆိုးဝေဒနာဖြစ်ရင်၊

-ချောင်းဆိုးရင် မောနေရင်၊

-ချောင်းဆိုးတာကြောင့် အိပ်ရေးပျက်ပြီး တခြား လုပ်ဆောင်မှုတွေကိုလည်း မလုပ်နိုင်ရင်၊

-နုံးချည့်ညောင်းညာပြီး အစာမျိုချရ ခက်ခဲတဲ့အထိ ချောင်းဆိုးနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

Ref;SN

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top