Healthy Life Ad
Health Tips

အထိုင်များလွန်းခြင်းကြောင့် သင့်ခန္ဓာကိုယ် ထိခိုက်စေသည့် နည်းလမ်း ၁၀

မီမိုး ( ဆေးဝါးတက္ကသိုလ် )

သင့်တစ်နေ့တာမှာ ထိုင်ချိန် ဘယ်လောက်ရှိနေသလဲ၊ အလုပ်မှာ၊ အစည်းအဝေးမှာ၊ သင်တန်းမှာ၊ အိမ်မှာ၊ တီဗီရှေ့မှာ၊ ကားထဲမှာ၊ စားသောက်ဆိုင်မှာ ထိုင်ချိန်ဘယ်လောက်ရှိနေပြီလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရင်လူအများစုဟာ ထိုင်ချိန်တွေ သိပ်များလွန်းနေတာကို သတိထားမိမှာပါ။ ထိုင်ချိန်များလွန်းတာက သင့်ခန္ဓာကိုယ်ကို အောက်ပါအတိုင်း ထိခိုက်စေနိုင်ပါတယ်။

(၁) ကိုယ်ဟန်ကို ထိခိုက်စေနိုင်ပါတယ်
ထိုင်တဲ့ကိုယ်ဟန်မမှန်တာကြောင့် ခေါင်းကိုက်ဝေဒနာရတတ်ပါတယ်၊ ဒါ့အပြင် ပခုံးလည်း နာကျင်တတ်ပါတယ်၊ လည်ပင်းလည်း နာကျင်တတ်ပါတယ်၊ ခါးလည်း နာတတ်ပါတယ်။ ထိုင်တဲ့ ကိုယ်ဟန်မမှန်တာကြောင့် ကြွက်သားတွေ တောင့်တင်းနာကျင် ကိုက်ခဲတတ်ပါတယ်၊ ဒါ့အပြင် ကျောရိုးနဲ့ ခါးကိုက်ခဲ နာကျင်ကာ ကိုယ်နေဟန်ထိခိုက်တတ်ပါတယ်။ထိုင် တဲ့အခါ လျှောထိုင်တာကြောင့် ကိုယ်ဟန်အနေအထား ပိုမို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဟန်အနေအထား မတ်မတ်ထိုင်တာကြောင့် ကိုယ်ခန္ဓာကို ဟန်ချက်ညီမျှစေပြီး ကိုယ်အလေးချိန်က ခန္ဓာကိုယ်တစ်ခုလုံးအပေါ် မျှမျှတတ သက်ရောက်တဲ့အတွက် ဒဏ်ဖြစ်နှုန်း လျော့နည်းတတ်ပါတယ်။

(၂) ကြွက်သား ထိခိုက်စေနိုင်ပါတယ်
လေ့ကျင့်ခန်းလုပ်တာထက် ပိုထိုင်တဲ့အခါ ကြွက်သားတွေ အားနည်းလာပါတယ်။ အထိုင်များတဲ့ နေထိုင်မှုပုံစံကြောင့် ကြွက်သားဆုံးရှုံးပြီး လျော့တွဲလာတတ်ပါတယ်။

(၃) အရိုး အားနည်းနိုင်ပါတယ်
ထိုင်ချိန်များလွန်းပြီး လှုပ်ရှားမှုနည်းတဲ့အတွက် အရိုးထုထည်ဆုံးရှုံးမှုမြင့်မားကာ အရိုးပါးရောဂါ ဖြစ်နှုန်း များလာပါတယ်။ အရိုးသန်စွမ်းချင်တယ်ဆိုရင် များများ မတ်တပ်ရပ်ဖို့ လိုအပ်ပါတယ်။ ထိုင်လွန်းရင် အရိုးသိပ်သည်းဆ ဆုံးရှုံးပြီး အရိုးအားနည်းကြွပ်ဆတ်လာပါတယ်။ေ န့တိုင်းလမ်းလျှောက်ပေးရင် အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄) ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပါတယ်
ထိုင်ချိန်များလွန်းရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး အဆီလောင်ကျွမ်းတဲ့ အင်ဇိုင်းထုတ်လုပ်မှု လျော့နည်းသွားပါတော့တယ်။ ဒီအချိန်မှာ ဇီဝကမ္မဖြစ်စဉ် နှေးသွားတဲ့အတွက် အစာများများ မစားဘဲနဲ့တောင် ကိုယ်အလေးချိန်မြင့် တက်လာတတ်ပါတယ်။

(၅) နာတာရှည်ရောင်ရမ်းမှု ဖြစ်လာနိုင်ပါတယ်
ထိုင်ချိန်များလွန်းတဲ့အတွက် အင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်း လျော့နည်းလာပြီး သွေးထဲမှာအင်ဆူလင် များလာတာနဲ့အတူ နာတာရှည်ရောင်ရမ်းမှုတွေ ဖြစ်လာတတ်ပါတယ်။

(၆) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ပါတယ်
တစ်နေ့ လေးနာရီထက်ပိုပြီး ထိုင်တာကြောင့် နှလုံးသွေးကြောရောဂါလက္ခဏာ ဖြစ်နိုင်ခြေ ၁၂၅ ရာခိုင်နှုန်း ပိုများလာပါတယ်။ ထိုင်တာကြောင့် နှလုံးသွေးကြောပိတ်ဆို့ပြီး သွေးထဲက အဆီတွေကို ထိန်းချုပ်နိုင်စွမ်းအား ပြောင်းလဲလာပါတော့တယ်။

(၇) ခြေလက်တွေမှာ သွေးလှည့်ပတ်မှု မကောင်းတော့ပါဘူး
ထိုင်ချိန်တစ်နာရီထက် ပိုကြာတာနဲ့ သွေးလှည့်ပတ်စီးဆင်းမှုထိခိုက်ရာက ခြေလက်တွေ ဖောရောင်တာ ဖြစ်လာတတ်ပါတယ်။

(၈) အိပ်တဲ့အခါ မကြာခဏ အသက်ရှူရပ်နိုင်ခြေ များပါတယ်
အထိုင်များတဲ့အခါ သွေးလှည့်ပတ်စီးမှု မကောင်းတာနဲ့ အရည်စုဆောင်းတာတွေဖြစ်ပြီး အိပ်စက်အနား ယူတဲ့အခါ မကြာခဏ အသက်ရှူရပ်သွားတဲ့ အခြေအနေဖြစ်တတ်ပါတယ်။

(၉) ဖန်တီးတွေးခေါ်နိုင်စွမ်း ထိခိုက်စေပါတယ်
ထိုင်ချိန်များတဲ့အခါ တစ်ကိုယ်လုံးမှာ သွေး၊ အောက်ဆီဂျင်နဲ့ အရေးပါတဲ့ ဟော်မုန်းတွေ ကောင်းကောင်းလှည့်ပတ်မှု မရှိတာကြောင့် နုံးချည့်ပြီး စိတ်တက်ကြွမှု လျော့နည်းတတ်ပါတယ်။

(၁၀) မသန်စွမ်းဖြစ်နိုင်ခြေ များပါတယ်
အသက်ကြီးလာတဲ့အခါ အထိုင်များလာလေ လေလှုပ်ရှားသွားလာနိုင်စွမ်း လျော့ကျလာလေလေ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top