Healthy Life Ad
International

မိသားစုစားဝတ်နေရေးအတွက် တစ်ဦးတည်း ဝင်ငွေရှာရသည့် အမျိုးသားများ ကျန်းမာရေးထိခိုက်နိုင်

မိုးမင်းထွန်း
ကွန်နက်တီကပ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာ သုတေသီတွေက အသက် ၁၈နှစ်မှ ၃၂ နှစ်အရွယ်ထိ လက်ထပ်ပြီးသား လူ၃၀ဝ၀ကျော်တို့ အကြောင်းကို ၁၉၉၇ မှ ၂၀၁၁ ခုနှစ်အထိ လေ့လာခဲ့ကြပါတယ်။ ဒီအချိန်အတွင်း ပါဝင်သူတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာရေးဆိုင်ရာ၊ ရှာဖွေရရှိငွေနဲ့ဆိုင်ရာ မေးခွန်းတွေ ပုံမှန်ဖြေဆိုခိုင်းခဲ့ပါတယ်။

အချက်အလက်တွေအရ မိသားစုစားဝတ်နေရေးအတွက် လင်မယားနှစ်ယောက်လုံး ဝင်ငွေရှာနိုင်တဲ့ ကာလတွေနဲ့နှိုင်းယှဉ်ရင် တစ်ဦးတည်းဝင်ငွေရှာတဲ့အခါမှာ အမျိုးသားတွေက စိတ်ပိုင်းကျန်းမာရေး ၅ရာခိုင်နှုန်းကျဆင်းပြီး ကျန်းမာရေးရမှတ်က ပျမ်းမျှထက် ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရှာနိုင်တဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမော ရးတိုးတက်လာတာကိုလည်းတွေ့ရှိခဲ့ပါတယ်။ အစဉ်အလာအရ အမျိုးသားတွေက အိမ်ထောင်ဦးစီးအဖြစ် မိသားစုတာဝန်ကို ထမ်းဆောင်ရမယ်လို့ ယူဆထားကြပြီး ဝင်ငွေကို တစ်ဦးတည်း ရှာဖွေနိုင်တဲ့အခါ ဒီဂုဏ်ကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဖိအားဝင်တတ်ကြပါတယ်။ ဒီအချက်ကပဲ သူတို့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်စေပုံရပါတယ်။

အမျိုးသမီးတွေမှာတော့ ဝင်ငွေရှာနိုင်တဲ့အခါ ဖိအားကင်းကင်းနဲ့ ဂုဏ်ယူစရာဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကောင်းမွန်လာပုံရတယ်လို့ ဦးဆောင်သုတေသီ ပါမောက္ခခရစ်စတင်းမြုချ်က ရှင်းပြပါတယ်။ တွေ့ရှိချက်က အိမ်ထောင့်တာဝန်ကို အတူတကွ ထမ်းဆောင်လိုကြတဲ့ စုံတွဲတွေအတွက် သတင်းကောင်းပါပဲလို့ သူကပြောပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top