Healthy Life Ad
Health Tips

လည်ပင်းနာကျင်မှုကို ၅၀ ရာခိုင်နှုန်း လျော့ပါးစေမည့်လေ့ကျင့်ခန်း

၊ ကိုထက် ၊

ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေဟာ လည်ပင်းနာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစားရတတ်ပါတယ်။

ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်တာကြောင့် ဦးခေါင်းနောက်ဘက်၊ ပခုံးနဲ့ ခါးတစ်လျှောက် ကြွက်သားတွေမှာ နာကျင်တဲ့ ဒဏ်သက်ရောက်စေပါတယ်။

အဆင့် (၁)

လက်နှစ်ဖက်မှာ အလေးတုံး (မရှိရင် ရေသန့်ဘူး) တစ်ခုစီ ကိုင်ပြီး ခန္ဓာကိုယ်ဘေးမှာချထားပါ။ ပြီးရင် ပခုံးကို အထက်သို့ ကျုံ့ကာ မြှင့်ပေးလိုက်၊ ပြန်ချလိုက် လုပ်ပေးပါ။

အဆင့် (၂)

လက်တစ်ဖက်စီမှာ အလေးတုံးတွေ ကိုင်ပြီး ခန္ဓာကိုယ်ဘေးဘက်ကနေ ပခုံးနဲ့ တစ်တန်းတည်း မြှောက်လိုက်၊ ခန္ဓာကိုယ်ဘေးဘက်ကို ပြန်ချလိုက်လုပ်ပေးပါ။

အဆင့် (၃)

လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးချထားတဲ့ အနေအထားကနေ ရင်ဘတ်ဆီသို့ အပေါ်ကို မြှင့်တင်လိုက်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်ကြိမ်မှာ သုံးခါနဲ့ တစ်နေ့ လေးကြိမ်လောက်ပြုလုပ်ပေးရင် လည်ပင်းကြွက်သားတွေကို သန်စွမ်းလာစေပြီး နာကျင်မှု သက်သာမှာ ဖြစ်ပါတယ်။

(Ref;RD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top