Healthy Life Ad
Q & A

ဆေးလိပ်ပြတ်အောင် ကွမ်းမစားသင့်

မေး။ ။ ဆေးလိပ်ပြတ်အောင် ကွမ်းစားလိုက်တာ ဆေးလိပ်မပြတ်ဘဲ ကွမ်းပါ စွဲသွားပါတယ်။ ဘယ်လိုအ စာတွေ စားသင့်ပါသလဲ။

ထွန်းမြင့်၊ ညောင်ဦး။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ အာဟာရပြည့်ဝတဲ့ အစားအသောက်ကိုတော့ နည်းနည်းနဲ့ မကြာခဏစားပေးပါ။ ဆေးလိပ်သောက်ချင်စိတ်ပျောက်အောင် ပန်းသီး၊ သစ်တော်သီးလို အသီးလေးတွေ စားပါ၊ သစ်သီးဖျော်ရည်တွေ သောက်ပါ၊ ပါးစပ်က ဆေးလိပ်သောက်တဲ့ အကျင့်ရှိနေတဲ့အတွက် အဲဒီအကျင့်ပျောက်အောင် နေကြာစေ့ စားပေးပါ။ ပြီးတော့ ပူရှိန်းအလုံးလေးတွေဝါးပေးပါ၊ ပီကေဝါးပေးပါ၊ ဒါပေမဲ့ ကွမ်းမစားရပါဘူး။ ကွမ်းစားလိုက်ရင် ဆေးလိပ်ပြတ်သွားခဲ့တာတောင် ကွမ်းစွဲသွားတတ်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top