Healthy Life Ad
Health Tips

ပါကင်ဆန်ရောဂါဖြစ်နှုန်း လျော့ကျစေမည့် အံ့ဖွယ်နည်းလမ်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပါကင်ဆန်ရောဂါ (Parkinson’s Disease)ဆိုတာခြေလက်တုန်တာ၊ ဘာကိုင်ကိုင် မမြဲတာ၊ဖြည်းနှေးစွာသာ လှုပ်ရှားနိုင်တာ၊ ငြိမ်ငြိမ်သက်သက်မနေနိုင်တာတို့ကို ဖြစ်ပေါ်စေတဲ့ သွက်ချာပါဒရောဂါဖြစ်ပါတယ်။ မိသားစုထဲမှာ ပါကင်ဆန်ရောဂါရှိသူရှိတာ၊ အသက် ၆၀ကျော်ဖြစ်တာ၊ အမျိုးသားဖြစ်တာတွေက ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေများတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

– ကော်ဖီအသင့်အတင့် သောက်ပါ

ပါကင်ဆန်ရောဂါရှိသူတွေမှာ ကော်ဖီသောက်ပေးရင် ဝေဒနာသက်သာစေပါတယ်။ လေ့လာမှုအရ ကော်ဖီသောက်သူတွေထက် ကော်ဖီမသောက်သူတေကွ ပါကင်ဆန်ရောဂါ အန္တရာယ်ကို ငါးဆပိုပြီးဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

– ဘယ်ရီသီးများများ စားပါ

စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတဲ့ဘယ်ရီသီးတွေကို တစ်နေ့လက်တစ်ဆုပ်စာစားပေးရင် ပါကင်ဆန်ရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။ဘယ်ရီသီးတွေမှာ အန်သိုဆိုင်ယာနင်လို့ခေါ်တဲ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အန်သိုဆိုင်ယာနင်ပါဝင်တဲ့ အချဉ်အရသာရှိ သစ်သီးတွေ၊ ပဲပိစပ်၊ ရေနွေးကြမ်း၊ ကြက်သွန်နီများများ ထည့်ချက်ထားတဲ့ ဟင်းလျာ စတာတွေကို စားပေးပါ။

– နေခြည်နုနုခံယူပါ

နေခြည်နုနုခံယူတာကြောင့် ဘဝနောက်ပိုင်းမှာ ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အကြောင်းက ဗီတာမင်ဒီရရှိလို့ပါ။ မနက်၉ နာရီနဲ့ ညနေ ၃ နာရီအကြား နေရောင်ခြည်ကိုတတ်နိုင်သမျှ ရှောင်ပါ။ ဗီတာမင်ဒီပါဝင်မှုများတဲ့မှို၊ အဆီများတဲ့ ငါး (ဥပမာ ငါးတန်ဗိုက်သား)၊တိုဟူးနဲ့ ဥအမျိုးမျိုးကို စားသုံးပေးသင့်ပါတယ်။

– ရောင်ရမ်းမှုကျဆေး မှီဝဲပါ

ကျန်းမာရေးပြဿနာအမျိုးမျိုးက ပါကင်ဆန်ရောဂါအပါအဝင် ရောင်ရမ်းမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ရောင်ရမ်းမှု ကျစေတဲ့ ဆေးတွေ မှီဝဲရင် ပါကင်ဆန်ရောဂါအန္တရာယ်ကို လျော့ကျစေတယ်လို့ဟားဗတ်ဆေးကျောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကိုယ်တွင်းရောင်ရမ်းမှုကြောင့် ကျန်းမာရေး ဝေဒနာတွေ ခံစားရတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ပြီးရောင်ရမ်းမှုကျစေမယ့် ဆေးဝါးကို မှီဝဲသင့်ပါတယ်။

– ပေါင်းသတ်ဆေးထိတွေ့မှုကို ရှောင်ပါ

စိုက်ပျိုးရေးအလုပ်လုပ်သူတွေက ပါကင်ဆန်ရောဂါဖြစ်နှုန်း မြင့်မားတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ စိုက်ပျိုးရေးခြံနားမှာ နေထိုင်တဲ့သူတွေကလည်း စိုက်ပျိုးရေးခြံနဲ့ ဝေးဝေးမှာ နေထိုင်သူတွေထက် ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းပိုများတယ်လို့ လေ့လာသိရှိရပါတယ်။ ပါကင်ဆန်ရောဂါဖြစ်နှုန်း လျော့ကျစေဖို့ ပိုးသတ်ဆေး ထိတွေ့ထားတဲ့ အစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

(Ref;HD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top