Healthy Life Ad
Life Style

အသက်ကြီးသူများတွင် အဖြစ်များသည် အရိုးအဆစ်ယိုယွင်းရောဂါ

Dr.Premstien Sirithanapipat အရိုးအဆစ်များ အစားထိုးကုဌာန၊ ထိုင်းနိုင်ငံ ဝေ့ဌာနီဆေးရုံနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ မြန်မာနိုင်ငံက ဘယ်လိုရောဂါတွေနဲ့ လာပြတာ များပါသလဲရှင့်
ဖြေ။ အရိုးအဆစ်ဆရာဝန်ဖြစ်တဲ့အတွက် ကျွန်တော့် ဆီကိုအသက်ကြီးရောဂါလို့ပြောရမယ့် Degene­rative Diseaseနဲ့ လာပြတာများပါတယ်။ အဓိကအားဖြင့် အရိုးအဆစ်ရောင်ရမ်းနာဖြစ်လို့ လာပြတာ များပါတယ်။ အရိုးအဆစ်ရောင်ရမ်းနာဖြစ်တဲ့အခါ ကောင်းကောင်း လမ်းမလျှောက်နိုင်တော့ဘူး၊ လှေကားတက်တဲ့အခါ၊ သွားလာတဲ့အခါ ပုံမှန်လူအတိုင်း မလုပ်ဆောင်နိုင်တော့ဘူး။ အဲဒီတော့ သူတို့က နေ့စဉ်နေ့တိုင်းကို မပျော်ရွှင်ကြတော့ပါဘူး။ အဲဒီအခါ ပုံမှန်အတိုင်း ပြန်လည်သွားလာလှုပ်ရှားနိုင်ဖို့လာပြ တာများပါတယ်။

မေး။ ။ အရိုးအဆစ်ယိုယွင်းမှုက အသက်ကြီးသူတွေမှာပဲ ဖြစ်တာလား၊ ငယ်တဲ့သူတွေကော ဖြစ်တတ်ပါသလား။
ဖြေ။ ။ အသက်ကြီးတဲ့ သူတွေမှမဟုတ်ပါဘူး။ တချို့အသက်ငယ်တဲ့သူတွေမှာလည်း မတော်တဆ ထိခိုက်မှုတွေဖြစ်ဖူးတယ်၊ ဒဏ်ရာရဖူးတယ်ဆိုရင် အသက်ငယ်ငယ်နဲ့လည်း ဖြစ်တတ်ပါတယ်။ ဖြစ်တဲ့သူတွေကို ဘယ်လိုဖြစ်ခဲ့တာလဲ၊ ဘယ်လိုပုံစံမျိုး ဖြစ်တာလဲစတဲ့အခြေအနေပေါ်မူတည်ပြီး ကုသမှုပေး ရပါတယ်။ ရောဂါဖြစ်ပြီး ချက်ချင်းလာပြတဲ့သူဆိုရင် ကုသမှုတစ်မျိုးပေးရသလို ကြာမှဆိုရင်လည်း ကုသမှုက ပြောင်းသွားပါတယ်။

တချို့တွေမှာကျတော့ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးသောက်တာစတဲ့ နည်းတွေ နဲ့ကုသမှုပေးရတယ်။ တချို့လူနာတွေကျတော့ ဆွေးနွေးရတယ်၊ လူနာက ဘယ်လိုရောဂါလက္ခဏာတွေ ခံစားနေရတာလဲ၊ အရမ်းနာကျင်နေတာလား၊ ဘဝ နေထိုင်မှုအရည်အသွေးက ဘယ်လောက်အထိ ထိခိုက်မှုရှိနေပြီလဲစတဲ့ အခြေအနေကို ကြည့်ပြီး ကုသမှုကိုဆုံးဖြတ်ရပါတယ်။ တချို့ကျတော့အရိုးက ပုံမှန်မဟုတ်ရင် ပြန်ပြင်ရတယ်၊ အရွတ်မကောင်းရင် ပြန်တည်ဆောက်ရတယ်။

မေး ။ ကုသမှုက ဘယ်လောက်အထိ အောင်မြင်မှုရှိပါသလဲ။
ဖြေ။ ။ ကျွန်တော်ကလည်း သူတို့တွေ ပုံမှန် လှုပ်ရှားမှုတွေ လုပ်နိုင်အောင် ကုသမှုပေးပါတယ်။ အဲဒီအခါ အရင်က လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့သူတွေ လမ်းပြန်လျှောက်နိုင်သွားတယ်၊ လှေကား မတက်နိုင်တဲ့သူတွေ ပြန်တက်နိုင်သွားပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက ဗုဒ္ဓဘာသာလူမျိုးတွေ လုပ်လေ့ရှိတဲ့ ပဆစ်ဒူးတုပ်ထိုင်တာ၊ တရားထိုင်တာတို့ကို ပြန်လုပ်နိုင်ဖို့ လေ့ကျင့်ခန်းတွေကိုပါ တွဲပေးရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top