Healthy Life Ad
Q & A

ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နေပြီ . . .

မေး ။ ။ ဆရာ ကျွန်တော်ဆံပင်တွေ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး မတရားကျွတ်တာ အခုထိပ်ပြောင်နေပြီ ကူညီပါဦး။ အသက်က ၃၁ နှစ်ပြည့်ပြီ။ ဘယ်လိုဆေးသုံးစွဲရမလဲ ကူညီပါ။
Ya Naung (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာဟာ အဓိကနှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိက်ဟော်မုန်း ကမောက်ကမဖြစ်တဲ့ရောဂါ၊ တချို့အာဟာရဓာတ်တွေချို့တဲ့လို့ ဖြစ်တာနဲ့ မျိုးဗီဇနဲ့ဆိုင်တာရယ်ကြောင့်ဆိုပြီး ဖြစ်ပါတယ်။ မျိုးဗီဇကြောင့်ဆိုရင် မတတ်နိုင်ပေမယ့် တခြားရောဂါတစ်ခုခုနဲ့ ဆက်စပ်နေရင်တော့ အကြောင်းရင်းခံ ရောဂါကိုရှာကုဖို့ လိုပါတယ်။

အကြံပြုချက်အနေနဲ့ စိတ်ဖိစီးမှုနည်းအောင်နေပါ။ ရေများများသောက်ပါ။ အသီးအနှံ၊ သစ်ဥသစ်ဖု၊ သစ်စေ့ အဆန်၊ အခွံမာတဲ့ အသီးများများစားပါ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အသားအမျိုးမျိုး၊ ငါး၊ပဲအမျိုးမျိုး များများစားပါ၊ တာရှည်ခံအစားအစာတွေ၊အသင့်စား အစားအစာတွေ ရှောင်ပါ၊ အရက်၊ ကော်ဖီ၊ ဆေးလိပ်တွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ဇင့်(သွပ်) ဓာတ်ပါတဲ့ အားဆေးမှီဝဲကြည့်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top