Healthy Life Ad
Health Tips

မင်းဂွတ်သီးစားပေးရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်သလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မင်းဂွတ်သီးကို နာမကျန်းမှုအမျိုးမျိုး ကုသဖို့ သုံးနိုင်ပြီး ထူးကဲတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တာကြောင့် အရှေ့တောင်အာရှမှာ နှစ်ပေါင်း လေးရာကျော်လောက်ကတည်းက လက်ခံလာခဲ့ကြပါတယ်။ မင်းဂွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုး ပါဝင်တယ်လို့ တွေ့ရှိပြီး နောက်ပိုင်းမှာ ပိုမို လူကြိုက်များလာခဲ့ပါတယ်။

(၁) ကိုယ်တွင်း မကောင်းတဲ့ ဓာတ်တွေကို ချေဖျက်နိုင်ပါတယ်
မင်းဂွတ်သီးရဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိကို လေ့လာတွေ့ရှိပြီးတဲ့နောက်မှာ ORAC လို့ အမည်ရတဲ့ ဓာတ်ခွဲခန်း လေ့လာစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ တွေ့ရှိခဲ့ရတာက မင်းဂွတ်သီးမှာ ‘မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်နိုင်တဲ့အစွမ်းထက်အာနိသင်’ ရှိနေတယ် ဆိုတဲ့အချက်ပါ။ မင်းဂွတ်သီးထဲမှာပါတဲ့ Xanthone ဟာ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယားနဲ့ အသည်း အဆိပ်သင့်စေတဲ့အရာတွေကို ဆန့်ကျင်ပေးနိုင်တဲ့ အကောင်းဆုံး ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။

(၂) တင်ပါးနာကျင်မှု သက်သာစေပါတယ်
မင်းဂွတ်သီးရဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်တွေကြောင့် တင်ပဆုံရိုး အာရုံကြောနာကျင်မှုကို သက်သာစေပါတယ်။

(၃) နှလုံးရောဂါဝေဒနာတွေ သက်သာစေပါတယ်
မင်းဂွတ်သီးအရည်ဟာ နှလုံးသွေးကြော မာကျောကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာအပါအဝင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ထိထိရောက်ရောက် ကုသမှုပေးနိုင်ပါတယ်။

(၄) ကိုယ်ခံအား ကောင်းစေပါတယ်
နေ့စဉ်အသုံးဝင်ပုံအနေနဲ့ မင်းဂွတ်သီးကို မာလ်တီဗီတာမင်နဲ့ သတ္တုဓာတ်အားဆေးနဲ့ တွဲသောက်ရင် အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ မင်းဂွတ်သီးမှာပါတဲ့ ဖိုင်တိုနျူးထရီးရန့်တွေက ခုခံအားစနစ်ကောင်းစေတဲ့ အရာတွေဖြစ်ပါတယ်။

(၅) ကင်ဆာတွန်းလှန်ပေးပါတယ်
မင်းဂွတ်သီးမှာ ကင်ဆာဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိရှိပါတယ်။ Garcinone E လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းဂွတ်သီးတစ်မျိုးထဲမှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။

(၆) ဗိုင်းရပ်စ်ပွားများမှုကို ထိန်းချုပ်ပေးပါတယ်
မင်းဂွတ်သီးဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်စွမ်းရှိတယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ်က ဆိုပါတယ်။ မင်းဂွတ်သီးထဲမှာပါတဲ့ Xanthone ဟာ HIV ဗိုင်းရပ်စ်တွေ ပွားများနိုင်စွမ်းမရှိအောင် ဟန့်တားထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။

(၇) ကင်ဆာကို ကာကွယ်ပေးပါတယ်
မင်းဂွတ်သီးမှာ အစွမ်းထက် ကင်ဆာဆန့်ကျင်ပေးတဲ့ Polysaccharides နဲ့ ဘက်တီးရီးယား ဆန့်ကျင်ပေးတဲ့ အပင်ထွက်ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။

(၈) ဓာတ်မတည့်မှု လျော့ပါးစေပါတယ်
မင်းဂွတ်သီးမှာပါတဲ့ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိနဲ့ ဟစ္စတာမင်း တားဆီးနိုင်စွမ်းကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေအတွက် ကောင်းကျိုးရှိပါတယ်။

(၉) ကိုယ်တွင်းအင်္ဂါစနစ်တွေကို ကျန်းမာစေပါတယ်
မင်းဂွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ၄၀ကျော်ပါဝင်ပါတယ်။ Xanthone မှာ အနာကျက်စွမ်းအင်ရှိတာကြောင့် လူ့ခန္ဓာကိုယ်ထဲက အင်္ဂါစနစ်တိုင်းကို ကျန်းမာစေပါတယ်။ မင်းဂွတ်သီးထဲက အစွမ်းထက်ဒြပ်ပေါင်းတွေက အူလမ်းကြောင်းကျန်းမာရေးကိုကောင်းစေပြီး ခုခံအားစနစ်ကို သန်စွမ်းစေကာ အရိုးနုတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။

(၁၀) ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်
မင်းဂွတ်သီးမှာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုအမျိုးမျိုးကို တွန်းလှန်နိုင်တဲ့ အာနိသင်ရှိတယ်လို့ အိန္ဒိယလေ့လာသူတွေက ဆိုပါတယ်။ ရုတ်တရက် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုကော တာရှည်ဖြစ်တတ်တဲ့ ရောင်ရမ်းမှုကိုပါ လျော့ကျစေပါတယ်။ မင်းဂွတ်သီးထဲက ကွီနုန်းဟာ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးနိုင်စွမ်း ရှိပါတယ်။

(၁၁) ဝေဒနာများစွာကို သက်သာစေပါတယ်
မင်းဂွတ်သီးက အိုမင်းမှုတားဆီးပေးတဲ့အစွမ်းရှိကာ အဆစ်ကိုပျော့ပျောင်းစေပြီး မူးဝေတာကိုသက်သာစေပါတယ်။ ဝမ်းလျှောတာကနေ ကင်ဆာအထိ သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ မင်းဂွတ်သီးဟာ သွေးခဲတဲ့ဖြစ်စဉ်ကို အဟန့်အတားမဖြစ်စေဘဲ အစာအိမ်အနာကို သက်သာစေပါတယ်။ မင်းဂွတ်သီးမှာ အယ်လ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါတို့ကို ကာကွယ်ပေးနိုင်စွမ်းလည်း ရှိနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top