Healthy Life Ad
Health Tips

လက်တံတောင်မည်းခြင်းအတွက် သဘာဝကုထုံး

၊ လရိပ်မေ ၊

လက်တံတောင် မည်းနေလို့ လက်ရှည်အင်္ကျီတွေကိုပဲ ရွေးဝတ်နေရသလား။ လက်တံတောင် မည်းတာက လက်တံတောင်ထောက်တာ၊ တံတောင်ကို ပွတ်တာစတာတွေလုပ်လို့ အရေပြား ခြောက်သွေ့ရာကဖြစ်တတ်ပါတယ်။ လက်တံတောင်မည်းတဲ့ ပြဿနာကို အောက်ပါအလွယ်နည်းတွေနဲ့ ကုနိုင်ပါတယ်။

– နနွင်း
နနွင်းမှုန့်က အရေပြားကို အနာကျက်စေပြီး စိုပြည်စေပါတယ်။ နနွင်းမှုန့်ကို နွားနို့နဲ့ ရောမွှေပြီး အဲဒီအရောကိုလက်တံတောင်ပေါ်လိမ်းကာ နှိပ်ပေးပါ။ မိနစ်အနည်းငယ်ကြာမှ ရေဆေးပြီး ဆပ်ပြာနဲ့ တိုက်ပေးပါ။ တစ်ရက်ခြားလုပ်ပေးရင် လက်တံတောင် ဖြူသွားပါလိမ့်မယ်။

– ဆော်ဒါမှုန့်
ဆော်ဒါမှုန့်နဲ့ နွားနို့ကို ဆတူရောမွှေပြီး လက်တံတောင်အရေပြားပေါ် လိမ်းကာ ငါးမိနစ်ခန့် နှိပ်ပေးပါ။ ပြီးရင် ရေအေးနဲ့ ဆပ်ပြာသုံးကာ ဆေးပါ။

– သံလွင်ဆီနှင့် သကြား
သံလွင်ဆီက အစိုဓာတ်ထိန်းပေးပြီး သကြားက ကြေးကျွတ်စေပါတယ်။ သကြားနဲ့ သံလွင်ဆီကို ဆတူရောမွှေပြီး လက်တံတောင်ပေါ် လိမ်းပေးပါ။ ၅-၁၀ မိနစ်လောက် နှိပ်ပြီး ဆပ်ပြာနဲ့ ရေသုံးကာ ဆေးကြောလိုက်ပါ။


– ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်သားကို လက်တံတောင်ပေါ်လိမ်းပြီး နာရီဝက်အကြာမှာ ရေနဲ့ဆေးပေးပါ။

– သံပရာသီး
သံပရာသီးကိုထက်ခြမ်းခြမ်းပြီး လက်တံ တောင်ပေါ် သုတ်လိမ်းပေးပါ။ ၃၀ မိနစ်ကြာမှရေနဲ့ ဆေးပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top