Healthy Life Ad
Health Tips

ခန္ဓာကိုယ်ထဲက သန်ကောင်များကို ဖယ်ရှားနိုင်မည့် ဆေးဖက်ဝင်အစာများ

စူး ( ဆေးဝါးတက္ကသိုလ် )
ခန္ဓာကိုယ်ထဲမှာ သန်ကောင်၊ တုပ်ကောင်စတဲ့ ကပ်ပါးကောင်တွေ ရှိနေရင် အိပ်စက်ချိန်မှာ သွားကြိတ်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ကြွက်သားနဲ့ အဆစ်အမျက်ကိုက်ခဲတာစတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဆိုတာ သင့်အိမ်မှာ ရှိတဲ့ အကောင်းဆုံး အနာကျက်စေတဲ့ အစာပါပဲ။ ကြက်သွန်ဖြူက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ဖန်းဂတ်စ်မှို၊ ကပ်ပါးကောင်တွေနဲ့ ကင်ဆာကိုတောင် တွန်းလှန်နိုင်တယ်လို့ သိပ္ပံနည်းကျသက်သေ ပြထားပါတယ်။ လတ်တလောလေ့လာ မှုတွေအရ ကြက်သွန်ဖြူက သန်း၊ ခြင် စတဲ့ သွေးစုပ်တဲ့ ကပ်ပါးကောင်တွေကို တောင်ပြေးစေနိုင်တယ်လို့ ဆိုပါတယ်။

(၂) လေးညှင်း
လေးညှင်းဆီက အူလမ်းကြောင်းမှာရှိတဲ့ ကပ်ပါးကောင်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ လေ့လာမှုအရ လေးညှင်းပွင့်မှာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်မှိုတွေကို တွန်းလှန်ပေးနိုင်တဲ့ အနာကျက်စွမ်းပကားလည်း ရှိနေတယ်လို့ သိရပါတယ်။ လေးညှင်းပွင့်ကို ဟင်းလျာချက် ပြုတ်တဲ့အထဲ ထည့်စားနိုင်ပါတယ်။

(၃) စမုန်စပါး
စမုန်စပါးက သိုင်းမတ်စ်ဂလင်းကို လှုံ့ဆော်ပေးတဲ့ အကောင်းဆုံးအစာတစ် မျိုးဖြစ်ပါတယ်။ သိုင်းမတ်စ်ဂလင်းဆိုတာ ကိုယ်ခံအားစနစ်မှာ တွေ့ရှိရတဲ့ အဓိက ဂလင်းတွေထဲက တစ်ခုပါပဲ။ ဒါက ခန္ဓာကိုယ်ရဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်ပေးတဲ့ဖြစ်စဉ်ကို အားကောင်းစေပြီး ကပ်ပါးကောင်ကြီးထွားသန်စွမ်းမှုကို ထိန်းချုပ်နှိမ်နင်းပေးပါတယ်။ စမုန်စပါးအခြောက် ဒါမှမဟုတ် လတ်ဆတ်တဲ့ စမုန်စပါးကို ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအဖြစ် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
Ref; HD

[Unicode Version ]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top