Healthy Life Ad
International

အိပ်စက်ခြင်းက အမျိုးသမီးများ ဦးနှောက်စွမ်းရည်တိုးစေ

၊ မိုးမင်းထွန်း ၊

ညမှာ ကောင်းကောင်းအိပ်စက်တာက အမျိုးသမီးတွေရဲ့ ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး တစ်မှေးအိပ်စက်တာက အမျိုးသားတွေအတွက် အကျိုးရှိစေတယ်လို့ လေ့လာမှုကဆိုပါတယ်။

ဂျာမနီနိုင်ငံ၊ မြူးနစ်မက်စ်ပလက်အင်စတီကျုမှ သိပ္ပံပညာရှင်တွေက အိပ်စက်တာနဲ့ မှတ်ဉာဏ်စွမ်းရည် ဘယ်လိုဆက်စပ်သလဲဆိုတာကို အရွယ်ရောက်ပြီးသူ ၁၆၀ဦးရဲ့ အိပ်စက်မှုပုံစံတွေကြည့်ကာ လေ့လာစူးစမ်းခဲ့ကြပါတယ်။ ပါဝင်သူတွေရဲ့ အိပ်စက်မှုပုံစံတွေကို လေ့လာခဲ့သလို ကျိုးကြောင်း ဆင် ခြင်ဉာဏ်နဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကို အကဲဖြတ်ဖို့ ဉာဏ်စမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျား၊ မအလိုက်မတူညီတဲ့ အိပ်စက်မှုပုံစံတွေက ဦးနှောက်လုပ်ဆောင်မှုကို ဘယ်လိုသက်ရောက်တယ် ဆိုတာကို စူးစမ်းခဲ့ကြပါတယ်။ အမျိုးသမီးတွေမှာ အိပ်မက် မမက်တဲ့ အိပ်စက်မှုရှိတဲ့အခါ အိုင်ကျူအမှတ်မြင့် မားတာကိုတွေ့ရပြီး အမျိုးသားတွေမှာတော့ ဒီလို ဆက်စပ်တာကို မတွေ့ရပါဘူး။ အမျိုးသားတွေမှာတော့ တစ်ရေးအိပ်စက်ပြီးတဲ့အခါမှာ ဒီလိုကောင်းကျိုး ရရှိတာကို တွေ့ရပါတယ်။

“ဦးနှောက်စွမ်းရည်ကောင်းစေတဲ့ အချက်တွေ အများကြီးရှိပြီး အိပ်စက်မှုက တစ်ခုအပါအဝင်ပါပဲ။ ဒီလေ့လာမှုက နောက်ထပ်ပြုလုပ်မယ့် အိပ်စက်မှု ဆိုင်ရာ သုတေသနတွေအတွက် အထောက်အပံ့ ဖြစ်စေမှာပါ”လို့ ပါမောက္ခ မာတင်ဒရက်စလာက ပြောပါတယ်။

ဒီနှစ်အစောပိုင်းမှာလောက်ဘရော့ တက္ကသိုလ်ကပြုလုပ်တဲ့ သုတေသနအရ အမျိုးသမီးတွေရဲ့ ဦးနှောက်က အမျိုးသားတွေထက် ပိုမိုရှုပ်ထွေးတာကြောင့် သူတို့ဟာ ပိုမိုအိပ်စက်ဖို့ လိုအပ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဦးဆောင်သုတေသီ ပါမောက္ခဂျင် ဟွန်းက အမျိုးသမီးတွေက အလုပ်အများကြီးကို တစ်ပြိုင်နက်လုပ်နိုင်ကြပါတယ်။ သူတို့က အမျိုးသားတွေထက် ဦးနှောက်ကို ပိုမိုအသုံးပြုရတာကြောင့် ပိုမိုအိပ်စက်ဖို့ လိုအပ်ပါတယ်လို့ ရှင်းပြပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top