Healthy Life Ad
Health Tips

မှတ်ဉာဏ်ကောင်းစေရန် တစ်နေ့တာအတွင်း အချိန်နာရီအလိုက် ဆောင်ရွက်သင့်သည်များ

————-၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—————

တစ်နေ့တာအတွင်း ခန္ဓာကိုယ်ထဲက စွမ်းအင်ကသာ အချိန်နဲ့အမျှ အတက်အကျပြောင်းလဲနေတာ မဟုတ်ပါဘူး။ သင်ရဲ့ဦးနှောက်ကလည်း ကိုယ်ပိုင်စည်းချက်ကျနမှု လိုအပ်နေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနရီ၊ အိပ်စက်မှု၊ အလင်းနဲ့ထိတွေ့မှုနဲ့ မျိုးရိုးဗီဇတို့အပေါ်မှာ အကြီးအကျယ် မှီခိုနေပါတယ်။ ဉာဏ်ကောင်းအောင် အချိန်နာရီအလိုက် လိုက်နာနေထိုင်တာတွေဟာ မှတ်ဉာဏ်ကိုကောင်းစေရုံသာမက ပိုမိုကျန်းမာပျော်ရွှင်ပြီး စွမ်းအင်ပိုမိုရရှိပါလိမ့်မယ်။

alignnone size-medium wp-image-55716
နံနက် ၇ နာရီ-၉ နာရီ
ချစ်ခြင်းမေတ္တာအတွက် အကောင်းဆုံးအချိန်

အိပ်ရာကနေနိုးလာတဲ့အချိန်မှာ သင့်အိမ်ထောင်ဖက်နဲ့ ချစ်တင်းနှောဖို့ အကောင်းဆုံးအချိန်ပါ။ အကြောင်းကတော့ အချစ်ဟော်မုန်းလို့ဆိုကြတဲ့ အောက်ဆီတိုစင်ပမာဏဟာ နိုးကာစအချိန်မှာ အမြင့်ဆုံးဖြစ်နေတတ်လို့ပါပဲ။

နံနက် ၉နာရီ
ဦးနှောက်ကို အားဖြည့်သင့်သောအချိန်

သင့်ဘဝမှာ အရေးကြီးဆုံးလူတွေနဲ့ ဆက်သွယ်မှုကို ခိုင်မြဲအောင် ကြိုးစားသင့်တဲ့အချိန်ပါ။ အမျိုးသားတွေရဲ့အောက်ဆီတိုစင်ပမာဏဟာ နံနက်ခင်းမှာ အမြင့်ဆုံးရှိနေရာက တဖြည်းဖြည်း လျော့ကျသွားတတ်တာကြောင့် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေအနေနဲ့ ကလေးတွေကို ပွေ့ဖက်ကျီစယ်ပါ။ သင့်ဇနီးကို သင်ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြပါ။ အဝေးရောက်မိသားစုဝင်တွေဆီ ဖုန်းခေါ်ပါ၊ အီးမေးပို့ပါ။

နံနက် ၉နာရီ- ၁၁နာရီ
တီထွင်ဖန်တီးရန် အကောင်းဆုံးအချိန်

အခုအချိန်မှာဆိုရင် သင့်ဦးနှောက်မှာ စိတ်ဖိစီးမှုဟော်မုန်း အသင့်အတင့်တော့ ရှိနေနိုင်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်း အနည်းငယ်ဟာ အာရုံစူးစိုက်မှုရကာ အလုပ်ဖြစ်စေရေးအတွက် အထောက်အကူပေးပါတယ်။ ကောလိပ်ကျောင်းသားတွေနဲ့ အငြိမ်းစားယူထားသူတွေဟာ နံနက်ခင်းမှာ တွေးခေါ်နိုင်စွမ်းကောင်းပေမယ့် နေ့ခင်းပိုင်းမှာ ထက်မြက်မှု လျော့နည်းကျဆင်းတတ်ကြောင်း မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ဒါကြောင့် နေ့ခင်းပိုင်းမှာ တွေးခေါ်မြော်မြင်မှုကောင်းနေစေဖို့အတွက် စိတ်ကူးသစ်တစ်ရပ်ကိုဖန်တီးပါ။ ဒါမှမဟုတ် စီစဉ်တင်ဆက်မှု (Presentation)တစ်ခုကိုရေးပါ။ ဒါမှမဟုတ် ဦးနှောက်ကို ပြင်းပြင်းထန်ထန်အလုပ်ပေးကာ အဖြေရှာပါ။

နံနက် ၁၁ နာရီ – နေ့လယ် ၂ နာရီ
ခက်ခဲသောအလုပ်ကိစ္စများ လုပ်ဆောင်ရန် အကောင်းဆုံးအချိန်

အိပ်စက်မှုဆိုင်ရာ ဟော်မုန်းမယ်လတိုနင်ဟာ ညနေခင်းပိုင်းမှာ သိသိသာသာကျဆင်းသွားပြီး နံနက်စောစောမှာ အမြင့်ဆုံးဖြစ်တတ်ပါတယ်။ ဒီအချိန်ကတော့ လုပ်စရာပရောဂျက်အများစုကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ လုပ်စရာအများကြီးကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းဟာ နေ့လယ်ပိုင်းအချိန်မှာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီအချိန်မှာ စွမ်းအင်ရအောင် ကောင်းကောင်းစားပြီး ဦးနှောက်ကို စေ့ဆော်ရတဲ့ အလုပ်တွေကိုလုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေကို Presentation ပေးတာမျိုး၊ အလုပ်ကိစ္စဆိုင်ရာ အီးမေးတွေပို့တာမျိုး၊ ခက်ခဲတဲ့ပြဿနာအတွက် အဖြေရှာတာမျိုး လုပ်ဆောင်ပါ။

alignnone size-medium wp-image-55717
နေ့လယ် ၂နာရီ- ၃နာရီ
အနားယူရန် အကောင်းဆုံးအချိန်

စားထားတဲ့နေ့လယ်စာတွေ အစာကြေညက်ဖို့အတွက် ခန္ဓာကိုယ်ဟာ ဦးနှောက်ထဲကသွေးတွေကို အစာအိမ်ဆီ ဆွဲယူပါတယ်။ ဒါကြောင့် အစာကြေအောင် နေ့လယ်စာကို နေ့ခင်းနှစ်နာရီအချိန်တစ်ဝိုက် မှာစားပေးသင့်ပါတယ်။ ထမင်းစားပြီးတဲ့အခါ အလုပ်မှာဆိုရင် အိပ်ငိုက်ပြေအောင် ခပ်သွက်သွက်လမ်းလျှောက်ပေးပါ ဒါမှမဟုတ် ရေသောက်ပါ။ ဒီအပြုအမူနှစ်ရပ်လုံးဟာ ဝမ်းဗိုက်ကသွေးတွေကို ဦးနှောက်ဆီရောက်ရှိစေပါတယ်။ ရေဟာ သွေးကြောထုထည်အားကောင်းစေပြီး သွေးလှည့်ပတ်မှုကောင်းကာ ဦးနှောက်ဆီကို သွေးစီးဆင်းမှုကောင်းမွန်စေပါတယ်။

ညနေ ၃ နာရီ- ၆ နာရီ
ပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံးအချိန်

ဒီအချိန်မှာ ဦးနှောက်က တော်တော်လေးနွမ်းနယ်နေပါပြီ။ ဒါဟာ စိတ်ဖိစီးမှုများနေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ စိတ်ဖိစီးမှု ကော်တီဆောပမာဏဟာ ညနေခင်းပိုင်းအချိန်မှာ လျော့ကျလေ့ရှိတယ်လို့ မစ်ချီဂန်သိပ္ပံတက္ကသိုလ်က ဆိုပါတယ်။ ဦးနှောက်ဟာ အစောပိုင်းအချိန်တွေလောက် ထက်မြက်မှုမရှိတော့ပေမယ့် ဖိအားသိပ်မများတဲ့ အစည်းအဝေးတွေကို ဆောင်ရွက်ပေးပါ။ လုပ်ငန်းခွင်ထဲမှာမဟုတ်ရင် လေ့ကျင့်ခန်းကိုပြုလုပ်ပေးပါ။ ညနေခင်းအချိန်ဟာ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှု စွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်ပါတယ်။

ညနေ ၆ နာရီ-၈ နာရီ
ကိုယ်ပိုင်အလုပ်များလုပ်ဆောင်ရန် အကောင်းဆုံးအချိန်

ဒီအချိန်အတောအတွင်းမှာ အရသာခံအာရုံ နိုးထနေတတ်ကြောင်း လေ့လာမှုတချို့က ဆိုပါတယ်။ အစားအသောက်ကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ကိုယ်တိုင်ပြင်ဆင်ပါ။ အိမ်သန့်ရှင်းရေးလို တောက်တိုမယ်ရအလုပ်တွေကို လုပ်ဆောင်ပေးပါ။ ကလေးတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ပေးကာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။

ည ဂနာရီ- ၁၀နာရီ
အပန်းဖြေရန် အကောင်းဆုံးအချိန်

ဒီအချိန်မှာ အိပ်စက်ဆိုင်မှုဆိုင်ရာ မယ်လတိုနင်ဟော်မုန်းက လျင်မြန်စွာ မြင့်တက်လာတာကြောင့် အိပ်ငိုက်လာနိုင်ပါတယ်။ နေ့ခင်းအလင်းရောင်နဲ့ ထိတွေ့မှုကြောင့် ဆီရိုတိုနင်ဟော်မုန်း ၈၀ ရာခိုင်နှုန်းဟာ ထွက်လာတာဖြစ်လို့ ဒီအချိန်မှာ ဆီရိုတိုနင်ဟော်မုန်းဓာတ်က ကျဆင်းသွားတတ်ပါတယ်။ ဒီအချိန်မှာ နွမ်းနယ်နေတဲ့စိတ်ကို အပန်းပြေသွားအောင် ဟာသကားကြည့်ပေးခြင်း၊ စာအုပ်ဖတ်ခြင်း၊ သိုးမွှေးထိုးခြင်း စတာတွေကို လုပ်ဆောင်ပေးပါ။

alignnone size-medium wp-image-55718
ည ၁၀ နာရီနောက်ပိုင်း
အိပ်စက်ရန် အကောင်းဆုံးအချိန်

တစ်နေ့လုံး လေ့လာသင်ယူခဲ့ရသမျှကို အိပ်စက်ချိန်အတောအတွင်းမှာ ဦးနှောက်ထဲ ပြန်သိုလှောင်လေ့ရှိပါတယ်။ တစ်ညကိုရှစ်နာရီလောက် အိပ်ပြီးတဲ့အခါ ခက်ခဲတဲ့အလုပ်တစ်ဝက်ကျော်ကို အလွယ်တကူ လုပ်ဆောင်နိုင်ကြကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျအောင် အခန်းကို မီးအလင်းရောင်တွေလျှော့ပြီး မီးသီးမှိန်မှိန်ထွန်းကာ အိပ်စက်ပေးပါ။

Most Popular

Healthy Life Ad
To Top