Healthy Life Ad
International

ခေါင်းပေါ်ကျောက်တုံးတင်လေ့ကျင့်ခန်းကြောင့် တစ်နှစ်အတွင်းပေါင် ၆၀ ကျော် ကိုယ်အလေးချိန်ကျသွားသည့် တရုတ်အမျိုးသား

၊ မိုးမင်းထွန်း ၊

တစ်နှစ်အတွင်း ပေါင်၆၀ကျော် ကိုယ်အလေးချိန်ကျဖို့ စိတ်ကူးနေပါသလား။ တရုတ် အမျိုးသားတစ်ယောက်ရဲ့ ထူးထူးခြားခြားခေါင်းပေါ် ကျောက်တုံးတင်လေ့ကျင့်ခန်းကို စမ်းသပ်ကြည့်လိုက်ပါလား။

ဂျီလင်းမြို့မှ အသက် ၅၄နှစ်အရွယ် ကွန်းယန်ဟာ ပေါင် ၉၀ နီးပါးလေးတဲ့ ကွန်ကရစ် ကျောက်တုံးတစ်တုံးကို ခေါင်းပေါ်တင်ရတဲ့ ကြံ့ ခိုင်ရေးလေ့ကျင့်ခန်းတစ်ခုကြောင့် နာမည်ကျော်ကြားနေပါတယ်။ အရပ် ၅ ပေ ၄ လက်မရှိတဲ့ ကွန်းယန်ဟာ အဝလွန်နေတာကြောင့် ဝိတ်ချဖို့ ပိန်ဆေးတွေ မှီဝဲခြင်းမရှိဘဲ ဒီထူးဆန်းတဲ့နည်းကို ကျင့်သုံးခဲ့ပါတယ်။

သူက ပေါင် ၃၀ အလေးချိန်ရှိတဲ့ ကျောက်တုံးနဲ့စတင်လေ့ကျင့်ခဲ့ပြီး ခန္ဓာကိုယ်ဟန်ချက်ညီ အောင်ထိန်းနိုင်ခဲ့တဲ့အခါမှာ ကျောက်တုံးအလေးချိန်ကို တဖြည်းဖြည်းတိုးခဲ့တယ်လို့ ဆိုပါတယ်။

ရာသီဥတုသာယာတဲ့ နေ့တွေမှာ ခေါင်းပေါ် ကျောက်တုံးတင်ကာ ဟန်ချက်ညီညီလမ်းလျှောက်၊ လှေကား အတက်အဆင်းတွေလုပ်နေတဲ့ ကွန်းယန်ကို မြို့ထဲပန်းခြံတစ်ဝိုက်မှာ တွေ့ရမှာဖြစ်ပါတယ်။ တစ်နေ့ နှစ်မိုင်နီးပါး ဒီနည်းလမ်းနဲ့ လမ်းလျှောက်တယ်လို့ သိရပါတယ်။

ကွန်းယန်က လေ့ကျင့်ခန်းကြောင့် တစ်နှစ်အတွင်း ကိုယ်အလေးချိန် ပေါင် ၆၀ ကျော်ကျဆင်းသွားပြီး လွန်ခဲ့တဲ့လေးနှစ်အတွင်း ကိုယ်အလေးချိန် ပြန်တက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ သူက သူရဲ့ထူးဆန်းတဲ့ ကိုယ်အလေးချိန်ကျ လေ့ကျင့်ခန်းကို ဂင်းနက်စ်စံချိန်မှာ ပါဝင်နိုင်အောင် လျှောက်လွှာတင်ဖို့ စဉ်းစားနေတယ်လို့ပြောပြပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top