Healthy Life Ad
Life Style

သိုင်းရွိုက်ကင်ဆာ၏ အသံတိတ်လက္ခဏာများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အောက်ပါ လက္ခဏာတွေကို သတိပြုမိတယ်ဆိုရင် သိုင်းရွိုက်ကင်ဆာကို ကုသနိုင်ပါတယ်။

နာတာရှည် ချောင်းဆိုးခြင်း
သိုင်းရွိုက်ကင်ဆာရှိသူ အနည်းငယ်ဟာ ဘာအကြောင်းရင်းကြောင့်မှန်းမသိဘဲ ချောင်းဆိုးတတ်ပြီး ရင်ကျပ်နေတတ်ပါတယ်။ သိုင်းရွိုက်ကင်ဆာဖြစ်ပြီး ချောင်းဆိုးတာက ကူးစက်နိုင်ခြေ မရှိပါဘူး။ ဖျားလည်းမဖျား၊ သလိပ်လည်းမပါ၊ ဘာအကြောင်းမှ မရှိဘဲ အကြာကြီး ချောင်းဆိုးနေရင် သိုင်းရွိုက်ကင်ဆာကို သံသယရှိသင့်ပါတယ်။

လည်ပင်းတွင် အဖုအကျိတ်ပေါ်ခြင်း
အမျိုးသားတွေက မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး ရိတ်နေတုန်း အကျိတ်ကို တွေ့တတ်ပြီး အမျိုးသမီးတွေက မိတ်ကပ်လိမ်းတုန်းမှာ အကျိတ်ကို တွေ့တတ်ကြပါတယ်။ သိုင်းရွိုက်အကျိတ် ၉၀ ရာခိုင်နှုန်းလောက်က ကင်ဆာအကျိတ်မဟုတ်တတ်ပါဘူး။ လည်ပင်းအရှေ့မှာ အကျိတ်ကြီးတစ်ခုရှိတယ်ဆိုရင်တော့ အလေးထားသင့်ပါတယ်။

အသံဝင်ခြင်း
အသံအိုး အဖွင့်၊ အပိတ်လုပ်တဲ့ ကြွက်သားတွေကိုထိန်းချုပ်တဲ့ နာ့ဗ်ကြောက သိုင်းရွိုက်ရဲ့ အနောက်ညာဘက်မှာရှိပါတယ်။ တစ်ခါတစ်ရံ သိုင်းရွိုက်ရဲ့အကျော်အထိ အကျိတ်(အထူးသဖြင့် ကင်ဆာအကျိတ်)က ကြီးနေရင် နာ့ဗ်ကြောထိခိုက်ပြီး အသံအိုးထိခိုက်တတ်ပါတယ်။ အဲဒီအခါ လူနာအများစုက အသံဝင်တတ်ပါတယ်။

အစာမျိုရခက်ခဲခြင်း
အစာမျိုရခက်ခဲတာ ဒါမှမဟုတ် အသက်ရှူရခက်ခဲတာတွေဖြစ်တဲ့အထိ အကျိတ်ကကြီးနေရင် ကင်ဆာအကျိတ်ဖြစ်နိုင်ခြေရှိတဲ့အတွက် ဆရာဝန် နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top