Healthy Life Ad
Q & A

သိုင်းရွိုက်ရောဂါက ၂၀ကျော်အရွယ်ဖြစ်တတ်ပါသလား …

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

မေး. သိုင်းရွိုက်ရောဂါက အသက် ၂၀ကျော်တွေမှာရော ဖြစ်တတ်လား ဆရာ။

Bout Sone (Fb)

ဖြေ. သိုင်းရွိုက်ရောဂါက အသက် ၂၀ ကျော်မှာလည်း ဖြစ်တတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့ အချိန်မှာ ဖြစ်တတ်သလို Graves’ disease လို့ ခေါ်တဲ့ လည်ပင်းကြီးရောဂါကလည်း ဖြစ်တတ်တဲ့ အပြင် သိုင်းရွိုက်ကင်ဆာကြောင့်ဖြစ်တဲ့ သိုင်းရွိုက်ဂလင်း ကြီးတာကလည်း အသက် ၂၀ နဲ့ ၃၀ကြားမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လည်ပင်းရှေ့မှာရှိတဲ့ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားနေပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘာကြောင့်ဖြစ်ရသလဲဆိုတာ ရောဂါရှာဖွေကုသဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top