Healthy Life Ad
Health Tips

ပေါင်ခြံမည်းခြင်းအတွက် အိမ်တွင်းကုထုံးများ

၊ လရိပ်မေ ၊


(၁) သံပယိုသီး
သံပယိုသီးဟာ အရေပြားအတွက်ကြေးချွတ်ပစ္စည်း တစ်မျိုးပါ။ သံပယိုသီးကို ထက်ခြမ်းခြမ်းပြီး ပေါင်ခြံပေါ်မှာ အချိန် ၁၅-၂၀ မိနစ်လောက် ပွတ်တိုက်ပေးပါ။ ပြီးရင် ရေနဲ့ပြန်လည်ဆေးချပြီး ခြောက်သွေ့အောင်သုတ်လိုက်ပါ။ နေ့တိုင်းထပ်ခါ ထပ်ခါလုပ်ပေးမှ အကောင်းဆုံးရလဒ်ကိုမြင်တွေ့ ရမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ပြီး ခြောက်သွားတဲ့အခါ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီခပ်ပါးပါး လိမ်းပေးသင့်ပါတယ်။


(၂) ရှားစောင်းလက်ပပ်
ပေါင်ခြံမှာမည်းနေတဲ့ အရေပြားတစ်ဝိုက်ကို ရှားစောင်းလက်ပပ် အနှစ်သားသုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ အရေပြားရောင်ရမ်းမှု လျော့ကျစေပြီး အရေပြားကို ပြန်လည်ပြုပြင်ပေးပါတယ်။


(၃) လိုအပ်လျှင် ကိုယ်အလေးချိန်လျှော့ချပါ
ကိုယ်အလေးချိန်များတာက ပေါင်ခြံမည်းစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် ကိုယ်အလေးချိန်ကို လျှော့ချဖို့ ကြိုးစားသင့်ပါတယ်။


(၄) ဒိန်ချဉ်နှင့် သံပယိုသီး
သံပယိုရည်နဲ့ ဒိန်ချဉ်ကို စေးပျစ်တဲ့အရည်ရအောင် ရောမွှေပြီး ပေါင်ခြံမှာ ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ကြာမှ ရေနဲ့ဆေးချလိုက်ပါ။


(၅) ဂျုံမှုန့်အကြမ်းနှင့် ဒိန်ချဉ်
ဂျုံမှုန့်အကြမ်း လက်ဖက်စားဇွန်းတစ်ဇွန်း၊ ဒိန်ချဉ်အနည်းငယ်နဲ့ သံပယိုရည်အနည်းငယ်တို့ကိုရောမွှေပြီး ပေါင်ခြံအရေပြားကို သုတ်လိမ်းပေးပါ။ ခြောက်တဲ့အထိ တစ်နာရီလောက်ထားပါ။ ဒါက ထိရောက်တဲ့ ကြေးချွတ်နည်းဖြစ်လို့ ပေါင်ခြံမည်းတာနဲ့ ကြမ်းတမ်းတာတွေအတွက် အသုံးဝင်စေမှာပါ။


(၆) အာလူး
အာလူးဟာ ကြေးချွတ်ပစ္စည်းအဖြစ် တကယ်ထိရောက်တဲ့အရာပါ။ အာလူးကို ပါးပါးလှီးပြီး ပေါင်ခြံမှာ ကပ်ပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top