Healthy Life Ad
Health Tips

မကြာခဏ နာမကျန်းဖြစ်တတ်သူတို့ နေထိုင်ကောင်းစေမည့် နည်းငါးသွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးကောင်းဖို့ ပြင်းထန်တဲ့နည်းလမ်းတွေကို လိုက်နာစရာမလိုဘဲ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေဖို့ လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) တစ်နာရီထိုင်ပြီးတိုင်း ငါးမိနစ်လမ်းလျှောက်ပါ
အချိန်တစ်နာရီကြာထိုင်ပြီးတိုင်း ခြေသလုံးသွေးလွှတ်ကြောတွေရဲ့ ကျယ်ပြန့်နိုင်စွမ်းက ၅၀ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ အင်ဒီယားနားတက္ကသိုလ်လေ့လာသူတွေက လတ်တလောတွေ့ရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်တာကြောင့် နှလုံးသွေးကြော ပြဿနာဖြစ်နိုင်ခြေမြင့်တက်နိုင်ပါတယ်။ တစ်နာရီကြာတိုင်း ငါးမိနစ် လမ်းလျှောက်လေ့ရှိသူတွေက သွေးကြောလုပ်ငန်းဆောင်တာ ပြောင်းလဲမှုမရှိပါဘူး။

(၂) အိပ်ရာကို စနစ်တကျသိမ်းပါ
အိပ်ရာကို စနစ်တကျသိမ်းလေ့ရှိသူတွေက မနက်ခင်းမှာ စောင်တွေလုံးထွေးပြီးထားခဲ့သူတွေထက် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝစေပါတယ်။

(၃) အနှောင့်အယှက်ကင်းကင်း စာဖတ်ပါ
အနည်းဆုံး နာရီဝက်လောက် စာအုပ်ကောင်းတစ်အုပ်ကို ငြိမ်ငြိမ်သက်သက်ဖတ်လေ့ရှိရင် စိတ်ဖိစီးမှုလျော့ပါးပြီး ပိုမိုကြည်လင်အေးချမ်းတဲ့ အတွေးတွေထွက်လာစေပါတယ်။ အဲဒီအချိန်မှာ ဖေ့စ်ဘွခ်ပိတ်ထားသင့်ပါတယ်။

(၄) စားပွဲကို ပိုးသတ်အဝတ်ဖြင့်သုတ်ပါ
လုပ်ငန်းခွင်မျက်နှာပြင်ရှိ ဗိုင်းရပ်စ်နမူနာတွေကို ဂွမ်းစနဲ့သုတ်ယူကြည့်ခဲ့တဲ့အခါ လူအထိအတွေ့များတဲ့ အဆောက်အဦ မျက်နှာပြင်တွေမှာ ပိုးမွှားကပ်ညိနိုင် ခြေ ၄၀-၆၀ ရာခိုင်နှုန်း ပိုများတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ စားပွဲ၊ ကီးဘုတ်နဲ့ဖုန်းကို ပိုးသတ်အဝတ်နဲ့သုတ်ကာ ကိုယ့်လုပ်ငန်းခွင်ကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ ဒီလိုလုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့နိုင်ခြေကို ၉၉ ရာခိုင်နှုန်းနဲ့အထက် လျော့ကျစေနိုင်ပါတယ်။

(၅) တီဗီကြည့်ချိန်ကို လျှော့ချပါ
အသက်ကြီးလာလေလေ၊ တီဗီကြည့်နှုန်း ပိုများလေလေ ဖြစ်တတ်ပါတယ်။ လတ်တလော လေ့လာမှုစစ်တမ်း တစ်ခုအရ အသက် ၃၀-၄၀ အရွယ်မှာ ပျမ်းမျှအားဖြင့် တစ်နေ့မှာ တီဗီကြည့်ချိန် ငါးနာရီနီးပါးရှိပြီး အသက် ၅၀-၆၀ အရွယ်မှာ တစ်နေ့ တီဗီကြည့်ချိန် ခြောက်နာရီရှိကာ အသက် ၆၅နှစ်နဲ့ အထက်ဆိုရင် တီဗီကြည့်ချိန် ခုနစ်နာရီရှိတယ်လို့ သိရပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ တီဗီကြည့်ရင်း အထိုင်များလွန်းတာကြောင့် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။

(၆) ချစ်ခင်ယုံကြည်သော ဆရာဝန်ရွေးချယ်ပါ
ကိုယ်ချစ်ခင်တဲ့ဆရာဝန်နဲ့ ဆေးကုသမှုခံယူရတဲ့အခါ လူနာတွေဟာ သွေးဖိအား၊ ကိုယ်အလေးချိန်၊ နာကျင်မှုကိုထိန်းချုပ်နိုင်စွမ်း စတာတွေမှာ သိသိသာသာတိုးတက်မှုရှိတယ်လို့ ဟားဗတ်ဆေးကျောင်း သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top