Healthy Life Ad
Q & A

သားဥပြွန်နှစ်ဘက်လုံး ဖြတ်ထားရလို့ ကလေးရနိုင်ပါ့မလား . . .

မေး။ ။ အသက်က ၃၃ နှစ်ပါ။ သားဥပြွန်နှစ်ဘက်လုံး ဖြတ်ထားရတယ်။ ကလေးလိုချင်ပါတယ်။ မြန်မာ နိုင်ငံအတွင်း လုပ်လို့ရမယ့်နည်းလမ်းများရှိရင် လမ်း ညွှန်ပေးပါဆရာ။
Junn Bone (FB)

ဖြေ။ ။ ဒါကို ကြည့်ရတာ သားဥပြွန်မှာ သန္ဓေတည်ပြီး ဖြတ်ထားရတာလို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် သားဥပြွန်နှစ်ဖက်လုံး ဖြတ်ထုတ်ထားရတယ်ဆိုရင် သားဥပြွန်မလိုဘဲ ကလေးရမယ့်နည်းက IVF လို့ ခေါ်တဲ့ ဖန်ပြွန်သန္ဓေသားနည်းပဲ ဖြစ်ပါတယ်။ သားဥပြွန်လုံးဝ မရှိတဲ့သူတွေ၊ သားဥပြွန်ပိတ်နေတဲ့သူတွေအတွက် ဖန်ပြွန်သန္ဓေသားနည်းက အထူးအသုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားဥအိမ်မှာ ဥလေးတွေ အများကြီးဖြစ်လာအောင် ဆေးတွေပေးပြီးတော့ မွေးလမ်းကြောင်းကနေယူပါတယ်၊ ပြီးမှ အပြင်မှာ ဓာတ်ခွဲခန်းထဲမှာ သုက်ကောင်လေးတွေနဲ့တွေ့ပြီး သန္ဓေသားဖြစ်အောင် လုပ်ယူရပါတယ်။ အဲဒီအထဲက အကောင်းဆုံးသန္ဓေသားလေးကို အောက်ကပဲ သားအိမ်ထဲ ပြန်ထည့်ပေးလိုက်တာပါ။

အဲဒီတော့ သားဥပြွန်မလိုပါဘူး။ ဒီနည်းကတော့ သားဥပြွန်မရှိတဲ့အတွက် တစ်ခုတည်းသော အကောင်းဆုံးနည်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဗဟိုစည်ဆေးရုံက Fertility Center မှာ ဖန်ပြွန်သန္ဓေသားနည်းကို ခံယူလို့ရပါတယ်။

ဒေါက်တာစိုးလွင်
(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top