Healthy Life Ad
Health Tips

အသံဝင်တာ သက်သာစေဖို့ နည်းလမ်းကောင်းများ

အသံဝင်နေရင် အသံကို အနားယူပါ။ အော်ဟစ်ပြောဆိုတာ၊ ငိုကြွေးတာ၊ သီချင်းဆိုတာ၊ စကားအော်ပြောတာတွေကိုရှောင်ပါ။

ဖြစ်နိုင်ရင် စကားကို လေသံလေးနဲ့တောင် မပြောပါနဲ့။

ရေများများ သောက်ပေးပါ။ စွပ်ပြုတ်၊ ဟင်းချိုပူပူသောက်ပါ။

ဆေးလိပ်နဲ့ အရက်မသောက်ပါနဲ့။

လည်ချောင်း ခဏခဏ ရှင်းတာကို ဆင်ခြင်ပါ။ အသံဝင်တဲ့ကာလကို ပိုကြာသွားစေနိုင်ပါတယ်။

နေတဲ့ပတ်ဝန်းကျင်က အေးမြခြောက်သွေ့မနေဘဲ လေထုကစိုစွတ်နေရင် အကောင်းဆုံးဖြစ်ပါတယ်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ဖြစ်နိုင်ရင် ဆီကြော်စာတွေကို မစားပါနဲ့။

Most Popular

Healthy Life Ad
To Top