Healthy Life Ad
Humour

သတိမေ့တတ်တဲ့ အရွယ်

သက်ကြီးစုံတွဲ တွေ့ဆုံပွဲတစ်ခုမှာ အသက်ကြီး စုံတွဲအဘိုးအဘွားတွေ စုပြီး စကားပြောနေကြသည်။

” ပြီးခဲ့တဲ့အပတ်ကပဲ စားသောက်ဆိုင် တစ်ဆိုင်ကိုသွားစားတာ အရသာရော၊ ဝန်ဆောင်မှုရော တော် တော်လေးကို ကောင်းတယ်ဗျ . .”
” ဟုတ်လား .. ဘယ်ဆိုင်လဲပြောပြပါဦး”
” အသက်တွေကြီးလာတော့ သတိကလည်း မကောင်းတော့ဘူး။ နာမည်ကိုမေ့နေတယ်။ ဟိုလေဗျာ . . အနံ့မွှေးပြီး ဆူးတွေလည်းပါတဲ့ ပန်းနာမည် လေဗျာ . .”

” နှင်းဆီလေဗျာ”
” အော် .. အေး ဟုတ်တယ် . . (ဘေးမှအတူ ပါလာသည့် ဇနီးသည်အားလှည့်ပြီး) နှင်းဆီရေ . . ကိုယ်တို့ နှစ်ယောက် ပြီးခဲ့တဲ့အပတ်က သွားခဲ့တဲ့ ဆိုင်နာမည်က ဘာတဲ့လဲဟင် . .”

Most Popular

Healthy Life Ad
To Top