Healthy Life Ad
Life Style

ကမ္ဘာ့အပျော်ရွှင်ဆုံးဇနီးမောင်နှံတို့၏ ချစ်မေတ္တာလျှို့ဝှက်ချက်များ

၊ ကိုထက် ၊

လူမှုပညာရှင်နဲ့ Reader’s Digest တို့ ပူးပေါင်းပြီး ကမ္ဘာတစ်ဝန်းက စုံတွဲပေါင်း ရှစ်ထောင်ကျော်ကို ချစ်ခြင်းမေတ္တာ၊ လိင်ကိစ္စ၊ ယုံကြည်မှု အစရှိတာတို့အပေါ် အခြေခံပြီး အပျော်ရွှင်ဆုံးဖြစ်ရတဲ့ စုံတွဲတွေဆီက လေ့လာရရှိတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြထားပါတယ်။

– အရာရာတိုင်း မမျှဝေပါ
အပျော်ရွှင်ဆုံး စုံတွဲလေးပုံတစ်ပုံကျော်ဟာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေကို ကိုယ့်ဘာသာပဲ သိမ်းထားတတ်ပါတယ်။ မိသားစု၊ ဇနီးမောင်နှံနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ ပြောပြလေ့ရှိပါတယ်။

– ရန်ဖြစ်ခြင်းက အလုပ်ဖြစ်သောအရာ
အပျော်ရွှင်ဆုံး စုံတွဲ ၇၈ ရာခိုင်နှုန်းက မကြာခဏငြင်းခုန်လေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ကရန်ဖြစ်တဲ့အခါ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမယ့်၊ တစ်ဦးရဲ့ အားနည်းချက်ကို ဖိနှိပ်တဲ့အပြောအဆိုမျိုးကို ရှောင်လေ့ရှိပါတယ်။

– ကိုယ်စီ ပျော်ရွှင်သောအပြုအမူ၊ အလေ့အထနှင့် ဝါသနာကို ရှာဖွေကြ
အပျော်ရွှင်ဆုံး စုံတွဲ ၄၅ ရာခိုင်နှုန်းဟာ တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားပြီး ပျော်ရွှင်တဲ့အပြုအမူ၊ အလေ့အထတွေကို အတူလုပ်ဆောင်တတ်ကြပါတယ်။ ဒီစုံတွဲ ၉၅ ရာခိုင်နှုန်းက သူတို့အိမ်ထောင်ရေးက အလွန်ပျော်စရာကောင်းတယ်လို့ ဆိုပါတယ်။

– အိပ်ခန်းထဲက နှစ်ယောက်အိပ်ခုတင်ကို တန်ဖိုးထား
အပျော်ရွှင်ဆုံး စုံတွဲထဲက အိမ်ထောင်ဖက် တစ်ရာခိုင်နှုန်းကသာ ဆိုဖာပေါ်မှာ တစ်ကြိမ်အိပ်ဖူးတယ် လို့ဆိုပါတယ်။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းက နှစ်ယောက် အိပ်ခုတင်ပေါ်မှာပဲ အိပ်လေ့ရှိပါတယ်တဲ့။

– အထိအတွေ့ထက် နှလုံးသားဖြင့် ချစ်ခြင်းကအရေးပါ
ခင်မင်မှု၊ ချစ်ခြင်းမေတ္တာ၊ လိင်ကိစ္စ စတာတွေထက် အဝေးရောက်ချိန် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်စကားပြောတာက အိမ်ထောင်ရေးမှာ စိတ်ကျေနပ်စရာ အကောင်းဆုံးအချက်ဖြစ်တယ်လို့ အပျော်ရွှင်ဆုံး စုံတွဲ ၄၀ ရာခိုင်နှုန်းက ဆိုပါတယ်။

– ထိတွေ့မှုက အဓိကသော့ချက်
အပျော်ရွှင်ဆုံး စုံတွဲ ၇၄ ရာခိုင်နှုန်းက တစ်ဦးနဲ့တစ်ဦး ကျောကုတ်ပေးတာ၊ ကျောပွတ်ပေးတာတို့ မကြာခဏ လုပ်ဆောင်ပေးကြပါတယ်။

– ဆွဲဆောင်မှုကို ရှာဖွေ
အပျော်ရွှင်ဆုံး စုံတွဲ ၈၀ ရာခိုင်နှုန်းက သူတို့အိမ်ထောင်ဖက်တွေက သူတို့အတွက် ဆွဲဆောင်မှုအရှိဆုံး ဖြစ်နေဆဲ၊ ဆွဲဆောင်မှုမရှိလို့ ထင်မြင်ချိန်မှာလည်း ဆွဲဆောင်နိုင်စွမ်းရှိတဲ့အချက်ကို ရှာဖွေနေဆဲဖြစ်ပါတယ်။

– လိင်ကိစ္စ
အိမ်ထောင်ရေးမှာ အလွန်ပျော်ရွှင်တဲ့ စုံတွဲ ၆၀ ရာခိုင်နှုန်းက အိမ်ထောင်သက်တမ်း နှစ်၂၀ ကျော်လွန်ပြီးတာတောင် တစ်ပတ်မှာ ၃-၄ ကြိမ် လိင်ကိစ္စရှိကြတယ်လို့ သိရပါတယ်။
(Ref;RD)

Most Popular

Healthy Life Ad
To Top