Healthy Life Ad
Life Style

“တကယ်ပျော်ရွှင်တဲ့စုံတွဲတွေက သူတို့အကြောင်းကို လူမှုကွန်ရက်တွေမှာ မပြောကြပါဘူးတဲ့”

ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စုံတွဲပုံတွေတင်လိုက်၊ ချစ်ကြောင်း၊ ကြင်နာကြောင်းတွေရေးပြလိုက်. . ဒီ လိုမြင်တွေ့ရတော့ အားကျနေမိပါသလား . .
တကယ်ပျော်ရွှင်တဲ့ စုံတွဲတွေကတော့ သူတို့ အကြောင်းတွေကို အွန်လိုင်းမှာ ဘာကြောင့်မတင် ရသလဲ ဆိုတာကို အခုလို ပြောပြထားပါတယ်။

တကယ်ပျော်ကြောင်း သူများ အသိအမှတ်ပြုစရာ မလိုဘူး
လူတစ်ယောက်က အိမ်ထောင်ရေးမှာ တကယ်ပျော်နေတယ်၊ အစစအရာ အဆင်ပြေနေတယ်ဆိုရင် အဲဒီအကြောင်းကို အွန်လိုင်းမှာ ပို့စ်တင်ပြီး ဖြုန်းဖို့အချိန်တောင်မရှိဘူး လို့ လေ့လာသူတွေက ဆိုပါတယ်။ တခြားသူတွေရဲ့ အထင်အမြင်လေး ရဖို့ရာအတွက် ပို့စ်တင်တာ၊ ပုံတင်တာ၊ သူတို့ လူမှုကွန်ရက်ကို စစ်ဆေးတာတွေနဲ့ အချိန်ကုန်မခံကြဘူးလို့ သိရပါတယ်။

ကိုယ့်ကိုချစ်တဲ့သူနဲ့ ပျော်ရွှင်တဲ့ တွယ်ငြိမှုရှိနေတာကိုက တကယ့်ပျော်စရာ
ဖေ့စ်ဘွတ်ခ်မှာတင်မှ တကယ်ပျော်တာ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတာကသာ တကယ့်ပျော်ရွှင်မှုအစစ်ပါလို့ တကယ်ပျော်တဲ့ စုံတွဲတွေက ဆိုထားပါတယ်။

တခြားစုံတွဲတွေနဲ့ ယှဉ်စရာမလို
အမှန်တကယ်ပျော်ရွှင်တဲ့ ဇနီးမောင်နှံတွေက သူတို့ဘယ်လိုပျော်ရွှင်တယ်၊ သူများတွေထက် ပိုပျော်ရွှင် တယ်ဆိုတာ တခြားစုံတွဲတွေနဲ့ ယှဉ်လေ့မရှိပါဘူး။ ကိုယ့်အတွက် သူက ထူးခြားတဲ့တစ်ဦးတည်းသော သူဖြစ်သလိုပဲ သူ့အတွက်လည်း ကိုယ်က နှိုင်းယှဉ်စရာမရှိသူပါပဲ။

အရေးကြီးဆုံးအချက်ကတော့
လူမှုကွန်ရက်တွေမှာ ပျော်ရွှင်ပြနေတဲ့ စုံတွဲတိုင်း တကယ်ပျော်နေတာ မဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ တကယ့်ဘဝ၊ နှစ်ယောက် အတူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ အခက်အခဲ တွေအပေါ် ရဲဘော်ရဲဘက်လို လက်တွဲဖြေရှင်းမှု၊ တစ်ဦးအပေါ်တစ်ဦး နားလည်မှုဆိုတာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ချစ်ပြနေရုံနဲ့ ရရှိတာ မဟုတ်လို့ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top