Healthy Life Ad
Health Tips

တိုက်ဖွိုက် သို့မဟုတ် အူရောင်ငန်းဖျားရောဂါအတွက် အိမ်တွင်းပြုစုနည်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

Salmonella typhi အမည်ရှိ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါကို တိုက်ဖွိုက်ရောဂါလို့ခေါ်ပြီး အဲဒီဘက်တီးရီးယားပိုးပါတဲ့ အစာနဲ့ရေကို စားသောက်မိတာကြောင့် ဖြစ်တတ်ပါတယ်။ တိုက်ဖွိုက်ဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသနိုင်ပြီး ရောဂါဝေဒနာတွေ သက်သာစေဖို့ အိမ်တွင်းကုထုံးတွေကို သုံးနိုင်ပါတယ်။

တိုက်ဖွိုက်ဖျားလျှင် ဖြစ်ပေါ်တတ်သည့် လက္ခဏာများ

– ခေါင်းကိုက်ခြင်း၊

– ကြွက်သားကိုက်ခဲခြင်း၊

– အားနည်းခြင်းနှင့် နုံးချည့်ခြင်း၊

– ချွေးထွက်များခြင်း၊

– ချောင်းခြောက်ဆိုးခြင်း၊

– ဗိုက်အောင့်ခြင်း၊

– ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း၊

– ဗိုက်ဖောရောင်ခြင်း၊

– နေ့စဉ် အဖျားကြီးခြင်း

တွိုက်ဖွိုက်အဖျားရောဂါကို ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ပေးတဲ့ ဆေးကုသမှုကိုခံယူရင်း အိမ်မှာအမြန်သက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။


(၁) ဓာတ်ဆားရည်သောက်ပါ
ဓာတ်ဆားရည်သောက်တာကြောင့် တိုက်ဖွိုက်အဖျားကို မြန်မြန်ပျောက်စေပါတယ်။


(၂) ရေများများ သောက်ပါ
ဖျားပြီး ဝမ်းလျှောနေရင် ရေကိုတစ်နေ့ ရှစ်ဖန်ခွက်ကနေ ၁၂ ဖန်ခွက်အထိ သောက်ပေးပါ။ ဒါမှသာ ကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး အဆိပ်အတောက်တွေကို ကင်းစင်စေမှာပါ။ အုန်းရေ၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။


(၃) ရှလကာရည်သောက်ပါ
ရေတစ်ဖန်ခွက်ထဲ ရှလကာရည် ထမင်းစားဇွန်းတစ်ဝက်-တစ်ဇွန်းလောက် ထည့်ပြီး သောက်ပေးတာကြောင့် ကိုယ်အပူချိန်ကျစေပြီး ဝမ်းလျှောတာကတစ်ဆင့် ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။


(၄) ကြက်သွန်ဖြူအစိမ်းဝါးစားပါ
ကြက်သွန်ဖြူအစိမ်းကို တစ်နေ့ နှစ်မြွှာဝါးစားပေးတာကြောင့် ပိုးသတ်အစွမ်းရှိပြီး တိုက်ဖွိုက်အဖျားကို မြန်မြန် သက်သာစေပါတယ်။


(၅) ငှက်ပျောသီးစားပါ
ငှက်ပျောသီးမှည့် နှစ်လုံး-သုံးလုံးကို နေ့စဉ်စားပေးတာကြောင့် ဝမ်းလျှောတာကို သက်သာစေတဲ့အပြင် ဆုံးရှုံး သွားတဲ့ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒိန်ချဉ်မှာလည်း ကောင်းတဲ့ ဘက်တီးရီးယားတွေပါဝင်တဲ့အတွက် အူထဲက မကောင်းတဲ့ ပိုးတွေကို ကူညီ တွန်းလှန်ပေးပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top