Healthy Life Ad
Health Tips

အနံ့ပျောက်ခြင်း၊ ဖျားခြင်းနှင့် ပတ်သက်ပြီး အကြံပြုချက်များ

———၊ ဒေါက်တာကျော်စွာဦး ၊———

အနံ့ပျောက်တာ၊ ဖျားတာနဲ့ ပက်သက်လို့ မေးကြတာ အတော်များလာပါတယ်။ အဲဒီမှာ တချို့ကလည်း အကြောက်လွန်ပြီး လုပ်တာတွေအတွက် အကြံပြုချင်လို့ ဒီစာလေးရေးဖြစ်တာပါ။ သံသယလက္ခဏာတွေ ခံစားရလို့ ဖုန်းဆက်မေးတာ၊ တိုင်ပင်တာ အင်မတန်ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ တချို ့ပြောတာလေးတွေအတွက်တော့ စိတ်ပူမိပါတယ်။

အနံ့မရလို့ ဒီဇယ်လောင်းထည့်တယ်၊ ပရုတ်ဆီတွေ ထည့်တယ်ဆိုပြီး ပြောတာတစ်ခု၊ လည်ပင်းနာလို့ ဆားငံရည်တွေ အလွန်အမင်း ပလုတ်ကျင်းတာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေပဲ ထိုင်စားနေလို့ ပါးစပ်တွေလည်း ဘာတွေဖြစ်ကုန်သလဲမသိဆိုတာတွေလည်း ကြားရ၊ ဂျင်းပြုတ်ရည်တွေသောက်လွန်းလို့ ဗိုက်တွေနာကြတယ်ဆိုပြီး တစ်ဖုံ နေ့စဉ်ကြားနေရပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေ အကြောက်မလွန်စေချင်သလို မကြောက်ဘဲနဲ့လည်း ပေါ့ဆတာ၊ စည်းကမ်းမရှိတာ မဖြစ်စေချင်တာပါ။ အစာလည်းဆေး၊ ဆေးလည်းအစာ ”တန်ဆေးလွန်ဘေး”ဆိုတဲ့ စကားလေးတွေကို အမှတ်ရစေချင်ပါတယ်။ အထက်က ဝေဒနာခံစားနေရသူတွေ၊ စိုးရိမ်သောက ရောက်နေသူများအတွက် အကြံပြုပါရစေ။

၁။ မိမိအိမ်မှာဘဲနေပါ။ (အိမ်ပြင်လုံးဝမထွက်သင့်ပါ)

၂။ မိမိအိမ်မှာနေတဲ့အခါ သီးသန့်ခွဲနေပါ။

၃။ လူချင်းဝေးပြီး စိတ်ချင်းနီးကြပါ။

၄။ သီးသန့်ခွဲပြီး ထမင်းစားပါ၊ ရေချိုးပါ။

၅။ မည်သူနဲ့မှ စကားမပြောဖြစ်အောင် နေပါ။ ပြောရမယ်ဆိုလျင် ၂ ဘက်လုံး Mask တပ်ထားပါ။

၆။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ပါ။

၇။ အသက်ရှူလေ့ကျင့်ခန်း၊ လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါး လုပ်ပါ။

၈။ အားရှိအောင်စားပါ၊ အိပ်ပါ။

၉။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်မသောက်မစားဘဲ နေနိုင်ရင် ပိုကောင်းပါတယ်။

၁၀။ စွတ်ပြုတ်ရည်၊ ရေနွေးပူပူ သောက်ပါ။

၁၂။ ဖျားရင် အဖျားကျဆေးကို အစာစားပြီးမှ သောက်ပါ။

၁၃။ နှာပိတ်ရင်လည်း အနံ့မရဖြစ်တတ်ပါတယ်။ နှာမွှန်၊ နှာပိတ်ရင် ဆေးသောက်လို့ရပါတယ်။ (Eg, Cetrizine or Burmeton)

၁၄။ နှာခေါင်းထဲကို ဒီဇယ်လောင်းထည့်တာ၊ ပရုတ်ဆီထည့်တာ မလုပ်သင့်ပါ။

၁၅။ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ ပိုဆိုးလာတယ်လို့ ယူဆရင် နီးစပ်ရာဆေးရုံသွားပါ။

၁၆။ သံသယလက္ခဏာ ခံစားနေရရင် ဆေးခန်းပြမယ်ဆိုရင် ဖျားနာကုဆေးခန်း
(Fever Clinic) တွေမှာ ပြလို့ရပါတယ်။

၁၇။ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ လက္ခဏာခံစားရပါက ဆေးကုသမှု အမြန်ခံယူပါ။

၁၈။ မိသားစုဝင်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ မိတ်ဆွေအချင်းချင်း အားပေး၊ ကူညီ၊
စာနာ၊ နားလည်၊ ဖေးမကြပါ။ အားလုံးကျန်းမာကြပါစေ။

Most Popular

Healthy Life Ad
To Top