Healthy Life Ad
Women

သွေးဆုံးချိန်မှာဖြစ်တဲ့ စိတ်ကျဝေဒနာကို ဘယ်လို ဖြေရှင်းကြမလဲ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးဆုံးချိန်မှာဖြစ်တဲ့ စိတ်ကျဝေဒနာကို ရှောင်လွှဲနိုင်ဖို့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ အရေးကြီးပါတယ်။

– အပန်းဖြေပါ

တရားထိုင်တာ၊ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်လုပ်တာ၊ ယောဂကျင့်တာနဲ့ ထိုက်ချိကစားတာတို့လို စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေးရပါမယ်။

– ကျန်းမာရေးနှင့် အညီ စားပါ

တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တို့ ရရှိစေဖို့ အစားအ သောက်တွေကို မျှမျှတတ စားသုံးသင့်ပါတယ်။

– အရက်နှင့် ဆေးလိပ်ကို ရှောင်ပါ

အရက်နဲ့ ဆေးရွက်ကြီးတွေကိုမှီဝဲရင် သွေးဆုံးချိန် ခံစားရတဲ့ ဝေဒနာလက္ခဏာတွေကို ပိုမို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အရင်က အရက်နဲ့ ဆေးလိပ်သောက်ဖူးရင်ဖြတ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

– လေ့ကျင့်ခန်း လုပ်ဆောင်ပါ

နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ်ပြီး တစ်ပတ်မှာ ငါးရက်လောက် လုပ်ဆောင်ပေးရင် စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေ အထွက်တိုးလာပါလိမ့်မယ်။

– စိတ်ကျဝေဒနာဖြစ်စေသည့် လှုံ့ဆော်မှုများကို နားလည်ပါ

သွေးဆုံးချိန်မှာ ဘယ်လို အခြေအနေဖြစ်ရင် စိတ်ကျဝေဒနာ ပိုခံစားရတတ်တယ်ဆိုတာ သင် သိ ရှိနားလည်သဘောပေါက်ပါလိမ့်မယ်။ အဲဒီဝေဒနာ လက္ခဏာတွေကို လှုံ့ဆော်တတ်တဲ့ အခြေအနေကို နားလည်ပြီး ဆင်ခြင်သင့်ပါတယ်။

– ကိုယ့်အတွက် အချိန်ပေးပါ

မိမိကိုယ်တိုင်အတွက် သီးသန့်အချိန်ပေးပြီး လုပ်ချင်တဲ့ အရာတွေကိုလုပ်ဆောင်ပါ။ တီဗီကြည့်ပါ၊ သစ်ပင်စိုက်ပါ၊ ယောဂသင်တန်းတက်ပါ . . ကိုယ့် အတွက် အပန်းပြေမယ့်အချိန် ပေးသင့်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top