Healthy Life Ad
International

ကလေးများနေ့တွင် ကျောက်ကပ်ဝေဒနာသည် အမြွှာသမီးလေးများအတွက် လက်ဆောင်ပစ္စည်းခိုးသည့် မိခင် အလှူငွေ ယွမ်သုံးသိန်းကျော်ရရှိ

မိုးမင်းထွန်း

ကလေးများနေ့မှာ ကျောက်ကပ်ဝေဒနာသည် အမြွှာသမီးလေးတွေအတွက် လက်ဆောင်ပစ္စည်းခိုးတဲ့ မိခင်ရဲ့ သတင်းကို သိရှိရပြီးနောက် တရုတ် အင်တာနက် အသုံးပြုသူတွေက မိခင်ကို တရုတ်ယွမ်သုံးသိန်းကျော် လှူဒါန်းလိုက်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အင်တာနက် အသုံးပြုသူ တစ်သိန်းကျော်က စာနာတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပြီး ဝမ်းနည်းစရာ အကောင်းဆုံး ကလေးများနေ့လက်ဆောင်အဖြစ် ညွှန်းဆိုကြပါတယ်။ကလေးများနေ့ လက်ဆောင်အဖြစ် ကလေးစာအုပ်တစ်အုပ်နဲ့ ကြက်ပေါင်ဝယ်ပေးဖို့ သူရဲ့ကလေးတွေက ပူဆာခဲ့ကြတယ်လို့ ဂျီယန်စုခရိုင်မှာ နေထိုင်တဲ့ အမျိုးသမီးက ပြောပါတယ်။

သူက စူပါမားကက်တစ်ခုကိုသွားခဲ့ပြီး ပစ္စည်းတွေကို ယူဖို့ ချီတုံချတုံဖြစ်နေခဲ့ပါတယ်။ ကြက်ပေါင်က ၇ ယွမ်ကျသင့်ပြီး စာအုပ်တစ်အုပ်က ၁၉ ယွမ် ကျခဲ့ပါတယ်။ သူ့မှာ ၅ ယွမ်သာရှိတာကြောင့် ပစ္စည်းတွေကို ခိုးယူဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သူက ဝန်ခံပါတယ်။

နောက်နောင်ခိုးယူမှု မပြုလုပ်ဖို့ သတိပေးပြီး အမျိုးသမီးကို ရဲစခန်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးမှာ နာတာရှည်ကျောက်ကပ် ဝေဒနာသည် အမြွှာသမီးနှစ်ဦးရှိပြီး စီးပွားရေး မပြေလည်တာကြောင့် သူရဲ့ခင်ပွန်းက စွန့်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ သူက အမှိုက်သိမ်းသမားအဖြစ် အသက်မွေးဝမ်းကြောင်းပြုလုပ်ပြီး တစ်နေ့မှာ တရုတ်ယွမ် ၅၀ သာ ဝင်ငွေရှိတယ်လို့လည်း သိရပါတယ်။
Ref; SCMP

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top