Healthy Life Ad
International

ရုပ်ဆိုးလွန်း၍ မိန်းမလှလေးအဖြစ် ဘဝပြောင်းခွဲစိတ်မှုခံယူ

ZKO

ဗီယက်နမ်ရှိ ရွာတစ်ရွာမှ ကာအိုသီဆိုတဲ့ မိန်းကလေးဟာ ရုပ်ဆိုးလွန်းတဲ့အတွက် စိတ်ညစ်နေရှာပါတယ်။ သူ့အသွင်အပြင်နဲ့ ပတ်သက်ပြီး ယုံကြည်မှုမရှိတဲ့ ကာအိုသီက ဘဝပြောင်းခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“ကျွန်မ ရုပ်ဆိုးပြီး ဆင်းရဲပါတယ်။ ဒါနဲ့ လူမှုကွန်ရက်မှာ ဂရုထဲပါဝင်ခဲ့တော့ အရမ်းလှတဲ့ မိန်းကလေးတွေကို တွေ့တာနဲ့ သူတို့လိုပဲ နည်းနည်းလေး ပြောင်းလဲချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ငွေများများစားစားမရှိသလို ဝင်ငွေကောင်းတဲ့ အလုပ်လည်း မရှိပါဘူး။ ကျွန်မမျက်နှာ၊ အထူးသဖြင့် ကျွန်မပါးစပ်ကို ပိုလှချင်တာပဲရှိတယ်။ အရင်တစ်ခါတုန်းက နှုတ်ခမ်းပြုပြင်ခွဲစိတ်မှုအတွက် ငွေကုန်ခဲ့ပေမယ့် ခွဲစိတ်မှုက မအောင်မြင်ခဲ့ပါဘူး။ ကျွန်မနှုတ်ခမ်းကတော့ ဘာမှပြုပြင်လို့မရတော့ပါဘူး၊ အမြဲအကျည်းတန်နေတော့မှာလို့ ကျွန်မထင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက အကောင်းဆုံးပြုပြင်ခြင်းဆိုတဲ့ အလှပြင်ဆိုင်ရဲ့ ပရိုဂရမ်ထဲ ပါဝင်ခဲ့ပါတယ်။ သူတို့က ကျွန်မမျက်ခွံပေါ်အောင်၊ နှာတံပေါ်အောင်၊ မေးရိုးပေါ်အောင်၊ ပါးသွယ်အောင်၊ နှုတ်ခမ်းပုံကျအောင်စတဲ့ ပိုလှစေမယ့်ကုထုံးတွေအတွက် ကုန်ကျစရိတ်တွေကိုပါ ခံမယ်လို့ ပြောပါတယ်။ အရင်က ခွဲစိတ်မှု သုံးကြိမ်လုပ်ခဲ့ဖူးလို့ အရမ်းနာကျင်ခဲ့ရဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မအသွင်အပြင် ပြောင်းသွားရင် ထိုက်တန်တယ်လို့ ဆုံးဖြတ်ပြီး အဲဒီပရိုဂရမ်ထဲ ပါဝင်ခဲ့ပါတယ်”
ခွဲစိတ်ပြုပြင်မှုက ခြောက်လကြာမြင့်ခဲ့ပြီး သုံးကြိမ်ကြာ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

အခုအခါမှာတော့ ကာအိုသီရဲ့ ဝမ်းကွဲမောင်နှမက ကာအိုသီကို “မင်း . . ဘယ်သူလဲ” လို့ မေးတတ်ရာ အပြုံးနဲ့သာ တုံ့ပြန်ဖြစ်ကြောင်း သူကဆိုပါတယ်။ ကာအိုသီဖခင်ကတော့ သူက ကာအိုသီဖြစ်ကြောင်း လူတကာကို ရှင်းပြရတယ်လို့ သိရပါတယ်။

“အခုတော့ ကျွန်မ ဝင်ငွေကောင်းတဲ့ အလုပ်လည်းရပြီ၊ ပျော်ရွှင်တဲ့ဘဝလည်း ပိုင်ဆိုင်ပြီ၊ ကျွန်မအပြင်ထွက်တိုင်း ယုံကြည်မှုရှိရှိနဲ့ ဘဝကို ကျေနပ်နိုင်ပါပြီ” လို့ ကာအိုသီက ဆိုပါတယ်။ ဝင်ငွေကောင်းတဲ့အတွက် သက်ကြီးမိဘတွေကို စောင့်ရှောက်နိုင်နေပြီဖြစ်တဲ့ ကာအိုသီဟာ သူ့ဘဝကိုပြောင်းလဲဖို့ ကူညီပေးခဲ့တဲ့ အလှပြင်ဆိုင်ရဲ့ ပရိုဂရမ်ကို အထူးပင်ကျေးဇူးတင်ရှိတယ်လို့ ပြောကြားထားပါတယ်။

Ref;freedycom

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top