Healthy Life Ad
Health Tips

လည်ပင်းကြီးခြင်းအတွက် သဘာဝကုထုံး

စူး ( ဆေးဝါးတက္ကသိုလ် )
သိုင်းရွိုက်ဂလင်းက လည်ပင်းရဲ့ Adam’s apple အောက်မှာရှိတဲ့ လိပ်ပြာပုံဂလင်း ဖြစ်ပါတယ်။ လည်ပင်းကြီးတယ်ဆိုတာ သိုင်းရွိုက်ဂလင်း ပုံမမှန်ကြီးထွားတာဖြစ်ပြီး မတူညီတဲ့ အကြောင်းပြချက် အမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်း ဟန်ချက်မညီတာကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်က ဟော်မုန်းအများကြီးထုတ်လုပ်နိုင်တဲ့ အခြေအနေကို Hyperthyroidism လို့ခေါ်ပြီး ဟော်မုန်းအလုံအလောက် မထုတ်နိုင်တဲ့ အခြေအနေကို Hypothyroidism လို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ မရှိမဖြစ ်အစိတ်အပိုင်းဖြစ်လို့ လုပ်ငန်းလုပ်ဆောင်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်းကြီးတဲ့အခါ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူးလို့ ဆိုလိုပါတယ်။ လည်ပင်းကြီးတဲ့အခါ အစာတွေကို မျိုရခက်သလို အသက်ဝ၀လည်း မရှူနိုင်ပါဘူး။ လည်ပင်းကြီးတာကို ခွဲစိတ်ကုသဖယ်ရှားနိုင်ပါတယ်။ အသက်ကြီးသူတွေနဲ့ အမျိုးသမီးတွေမှာ အတွေ့ရများပါတယ်။

လည်ပင်းကြီးရောဂါ လက္ခဏာများ

သင့်မှာ ဖြစ်ပေါ်နေတဲ့ လည်ပင်ကြီးရောဂါ အမျိုးအစားပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေက ပြောင်းလဲနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့ သူတွေမှာ အိပ်မပျော်တာ၊ ဇီဝရုပ်ဖြစ်ပျက် မှုမြန်ဆန်တာနဲ့ ကတုန်ကယင်ဖြစ်တာ တို့ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းတဲ့သူတွေမှာ နုံးချည့်ညောင်းညာတာ၊ ဝမ်းချုပ်တာနဲ့ အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်။

သိုင်းရွိုက်ကျန်းမာရေး ကောင်းမွန်စေမည့် နည်းလမ်းများ

၁။ ဘုံပိုင်ရေ၊ ဖလိုရိုဒ်ပါတဲ့ ရေကို မသောက်ပါနဲ့။ လည်ပင်းကြီးရောဂါ လက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။

၂။ သိုင်းရွိုက်ဂလင်း အတက်ကြွလွန်တာကို လျှော့ချနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပရိုတင်းပါဝင်မှုများတဲ့ အစာကို စားပေးပါ။ အဆီနည်းတဲ့ အစာကိုပဲ ရွေးစားပါ။

၃။ ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖြတ်ပါ။ ဆေးလိပ်သောက်တာက အဆုတ်အတွက် မကောင်းစေရုံသာမက သိုင်းရွိုက်ကိုလည်း ထိခိုက်စေပါတယ်။

၄။ စိတ်ဖိစီးမှုကို လျှော့ချပါ။ စိတ်ဖိစီးမှုများတာကြောင့် ဟော်မုန်းထုတ်လုပ်မှု များစေပါတယ်။

၅။ လည်ပင်းကြီးနေရင်၊ သိုင်းရွိုက်ဟော်မုန်း လျော့နည်းနေရင် ပဲပိစပ်ထုတ်ကုန်တွေကို တတ်နိုင်သမျှ လျှော့စားပါ။

၆။ လိုအပ်တဲ့ အိုင်အိုဒင်းဓာတ်ကို ရယူပါ။ သိုင်းရွိုက်ဟော်မုန်း လျော့နည်းသူတွေမှာ သိုင်းရွိုက်ဟော်မုန်း များနေသူတွေထက် အိုင်အိုဒင်းပမာဏများများလိုအပ်ပါတယ်။

၇။ လည်ပင်းကြီးရောဂါဖြစ်ရင် ခန္ဓာကိုယ်စနစ်တစ်ခုလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ လည်ပင်းကြီးရောဂါလက္ခဏာ ခံစားရရင် ဆရာဝန်ဆီသွားပါ။ သွေးစစ်ဆေးမှုခံယူလိုက်ရင် သင်က သိုင်းရွိုက် ဟော်မုန်းများနေသလား၊ နည်းနေသလားဆိုတာ ခွဲခြားသိရှိနိုင်မှာ ဖြစ်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top