Healthy Life Ad
Life Style

ပွင့်လင်းဖော်ရွေသူတို့၏ ပုန်းလျှိုးကွယ်လျှိုး အားသာချက်များ

ကိုမိုး
ပွင့်လင်းဖော်ရွေတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတွေက ပြဿနာဖြေရှင်းတဲ့အခါ တုံ့ပြန်မှု မြန်ဆန်သလို အပေါင်းအသင်းတွေနဲ့ ဆုံတဲ့အခါ သူမပါရင် ပွဲမစည်သလိုမျိုး သွက်လက်သူတွေပါ။ သင့်ကလေးဟာ အငြိမ်မနေဘဲ ပွင့်လင်းဖော်ရွေသွက်လက်သူဖြစ်တဲ့အခါ ထိန်းရခက်လို့ စိတ်မညစ်လိုက်ပါနဲ့။ သူတို့မှာ ပုန်းလျှိုးကွယ်လျှိုး အားသာချက်တွေရှိနေပါတယ်။

အပေါင်းအသင်းတွေကို ဆွဲဆောင်နိုင်တယ်
ပွင့်လင်းဖော်ရွေသူတွေက သီးသန့်မိတ်ဆွေတွေနဲ့ပဲ ပေါင်းဖော်နေတာမျိုးမဟုတ်ဘဲတွေ့တဲ့ နေရာမှာတွေ့တဲ့ အပေါင်းအသင်းတွေကို မိတ်ဆွေဖြစ်လာအောင် မိတ်ဖွဲ့နိုင်စွမ်း ရှိသူပါ။ လူတွေနဲ့ ပေါင်းဖော်တွေ့ဆုံရမှာကို စိတ်အားထက်သန်နေပြီး တွေ့တဲ့သူတိုင်းကိုလည်း ပျော်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

စွန့်စားလိုကြတယ်
ပွင့်လင်းဖော်ရွေတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတွေက ဘဝမှာစွန့်စားလိုစိတ်ရှိပါတယ်။ ဒါက ဦးနှောက်ရဲ့ ဆုပေးစနစ်ကို ထိန်းချုပ်တဲ့ ဒိုပါမင်းကို တုံ့ပြန်လွယ်လို့ ဖြစ်ပါတယ်။ ဒီလို ခပ်ဘွင်းဘွင်းသမား တွေက အနိုင်အရှုံးဆုံးဖြတ်ပေးတဲ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရာမှာ အကြောက်အလန့်မရှိဘဲ အားသာချက် ပိုရှိပါတယ်။

ပျော်ရွှင်ကြတယ်
ပွင့်လင်းဖော်ရွေသူတွေက အငြိမ်သမားတွေထက် ဘဝမှာ ပိုပျော်တတ်ကြပါတယ်။ ဝါရှင်တန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ နေ့တိုင်း ခပ်ဘွင်းဘွင်း နေတတ်သူတွေက အငြိမ်သမားတွေထက် ပျော်ရွှင်မှု ပိုရှိတယ်လို့ တွေ့ရှိရပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ နေ့စဉ်အတွေ့အကြုံတွေကို အပြုသဘောဆောင်တဲ့ စိတ်အခြေအနေနဲ့ ချည်းကပ်တတ်ကြလို့ပါပဲ။

ဒုတိယဘာသာစကား လေ့လာရာမှာ တတ်လွယ်တယ်
ပွင့်လင်းဖော်ရွေသူတွေက ရှက်ရွံ့မှုနည်းတဲ့အတွက် ဒုတိယဘာသာစကားကို သင်ယူလေ့လာရာမှာ အငြိမ်သမားတွေထက် ပိုတတ်ကျွမ်းလွယ်ပါတယ်။
Ref; RD

Most Popular

Healthy Life Ad
To Top