Healthy Life Ad
Life Style

မိခင်ဘဝက အမျိုးသမီးတစ်ယောက်ကို ဘယ်လိုပြောင်းလဲစေသလဲ …

၊ ငွေကြယ်စင်ယံ ၊

မိခင်တစ်ဦးဖြစ်လာတဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာမက သူ့ဘဝကိုပါ ပြောင်းလဲသွားစေပါတယ်။ ဒီပြောင်းလဲမှုတွေက တချို့သူတွေမှာ ကလေးမွေးပြီးတာနဲ့ သိသိသာသာ ဖြစ်ပေါ်လာပြီး တချို့သူတွေမှာတော့ ဖြည်းဖြည်း ချင်းဖြစ်ပေါ်လာပါတယ်။

– မိခင်ဘဝက ခွန်အား ပိုမိုတိုးလာစေပါတယ်

မိခင်ဘဝဆိုတာ စိန်ခေါ်မှုတွေ အများကြီး ဖြစ်လာသလို တစ်ပြိုင်တည်းမှာပဲ စိတ်ကျေနပ်မှုလည်း သိသိသာသာ ရရှိလာပါတယ်။ မိခင်တစ်ယောက်က တခြားလူသားတစ်ဦးကို လူ့လောကထဲ ခေါ်ဆောင်လာနိုင်တဲ့ ခွန်အားကြောင့် ပျော်ရွှင်မှု၊ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာ၊ ခံနိုင်ရည်ရှိမှုနဲ့ သန်စွမ်းမှုတွေကို မြင့်တက်လာစေပါတယ်။ ဒီအရည်အချင်းတွေကြောင့် မိခင်ဖြစ်လာတဲ့အခါ အမျိုးသမီးတွေက ပိုချစ်စရာကောင်းပြီး ပိုနွေးထွေးလာတာဖြစ်ပါတယ်။

– ဟော်မုန်းတွေကြောင့် ပိုလှပလာစေပါတယ်

မိခင်ဖြစ်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေ ကြည်လင်တောက်ပစေပြီး လန်းဆန်းစေပါတယ်။ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးလှည့်ပတ်စီးဆင်းမှု ဖြစ်လာပြီး ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးငယ်ကို အာဟာရဖြစ်စေပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကာယကံရှင် အမျိုးသမီးကို တောက်ပကြည့်ကောင်းလာစေပါတယ်။

– စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ကြည်လင်နေပါတယ်

မိခင်ဖြစ်လာတဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ချစ်နိုင်စွမ်းက ပိုအားကောင်းလာပါတယ်။ သားသမီးအပေါ် ထားရှိတဲ့စစ်မှန်တဲ့ ချစ်မေတ္တာကြောင့် မိခင်ရဲ့ မျက်နှာက ပိုပြီး နူးညံ့သိမ်မွေ့ကာ ပိုကျက်သရေရှိနေပါတယ်။ ဒါကြောင့် သူတို့ကို ကြည့်လိုက်ရင် အရင်ကထက် ပိုဆွဲဆောင်မှု ရှိနေတတ်ပါတယ်။

– ခွန်အားတိုးစေပါတယ်

ကလေးမွေးဖို့ ခွန်အားရှိခဲ့တဲ့ မိခင်ဟာ ကလေးကို ပြုစုပျိုးထောင်ဖို့ ယုံကြည်မှု မြင့်မားနေပါတယ်။

မိခင်တို့အတွက် အလှအပ ထိန်းနည်းများ

(၁) ဆံပင်အတွက်

အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားရင် ဆံပင်အရင်းအမြစ်ကိုတောင် သန်စွမ်းကျန်းမာစေပါတယ်။

(၂) ဝက်ခြံအတွက်

ဝက်ခြံကို တွန်းလှန်နိုင်ဖို့ အကောင်းဆုံးက ရှားစောင်းလက်ပပ်နဲ့ ယူကလစ်ဆီ ပါတဲ့ အသားအရေ ထိန်းပစ္စည်းသုံးဖို့ပဲ ဖြစ်ပါတယ်။

(၃) မျက်ဝန်းအတွက်

တစ်ညမှာ ၇-၈ နာရီ အိပ်ပါ၊ ကျန်းမာရေးနဲ့ အညီ စားပါ၊ ရေများများ သောက်ပါ။

(၄) အသားအရေအတွက်

အစိမ်းရောင်ဟင်းသီးဟင်းရွက်များများစားပါ။ သံလွင်ဆီလိမ်းတာကြောင့် ဗိုက်ကြောပြတ်ရာတွေ မထင်အောင် ကာကွယ်နိုင်ပါတယ်။

(Ref; TOI)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top