၊ ကိုထက် ၊
လူအများစုဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း နာကျင်တဲ့ ဝေဒနာကနေ ရုန်းထွက်နိုင်ဖို့၊ စိတ်ဖိစီးမှုလျှော့ချဖို့၊ ကြောက်ရွံ့စိတ်ပြေဖို့ စတဲ့ အချက်တွေနဲ့ အရက်သောက်လေ့ရှိကြပါတယ်။ အဲဒီလိုနဲ့ အရက်သောက်ရင်း သောက်ရင်း အသည်းထိခိုက်တာနဲ့ အာဟာရဓာတ် ဆုံးရှုံးတာတို့လို နောက်ဆက်တွဲ ပြဿနာတွေ ခံစားရတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အရက်ဖြတ်သင့်တဲ့ အကြောင်းပြချက်တွေကို အကြံပြုလိုက်ပါတယ်။
(၁) ရုပ်ပျက်ခြင်း
အရက်သောက်တာကြောင့် သွေးကြောကျယ်တာ၊ ဗီတာမင်ဓာတ် ချို့တဲ့တာ၊ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်းဟော်မုန်းဟန်ချက်မညီတာ၊ မျက်နှာမှာ ဝက်ခြံပေါက်တာနဲ့ ရေဓာတ်ခမ်းခြောက်တာ စတာတို့ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေအားလုံးက သင့်ကိုပိုအိုမင်းစေတဲ့အပြင် ပင်ကိုရုပ်ရည်ကို ပျက်စီးစေပါတယ်။
(၂) အိပ်ရေးပျက်ခြင်း
အရက်သောက်ရင် အိပ်ပျော်မယ်လို့ လူအများစုက အထင်မှားနေတတ်ပါတယ်။ တကယ်တော့ အရက်သောက်ထားရင် အိပ်စက်ချိန်မှာ အယ်လ်ကိုဟောကို ချေဖျက်လိုက်တာကြောင့် အိပ်ရေးပျက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ဦးနှောက်ထဲက ဓာတုပစ္စည်းကို ထိခိုက်စေတဲ့အတွက် အိပ်ရေးပျက်စေတာ ဖြစ်ပါတယ်။
(၃) အာဟာရချို့တဲ့ခြင်း
အယ်လ်ကိုဟောက စိတ်တည်ငြိမ်အေးချမ်းစေတယ်လို့ထင်ပြီး သောက်တာကြောင့် အဓိက အာဟာရဓာတ်တွေ၊ ကယ်လိုရီနဲ့ ဗီတာမင်ဓာတ်တွေ ချို့တဲ့ရတတ်ပါတယ်။ အဲဒီလို ချို့တဲ့ရာက ကျန်းမာရေး ထိခိုက်မှုတွေဖြစ်ပြီး ကင်ဆာကနေ စိတ်ပူပင်မှုများတာလို အခြေအနေအထိ ဖြစ်နိုင်ပါတယ်။
(၄) အသည်း ထိခိုက်ခြင်း
အရက်ကြောင့် အသည်းထိခိုက်စေနိုင်ပါတယ်။ အသည်းဆိုတာ ဟော်မုန်းစွန့်ထုတ်မှု၊ အဆီစွန့်ထုတ်မှု၊ အဆီလောင်ကျွမ်းမှုနဲ့ အဆိပ်ဖြေခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပေမယ့် အရက်အလွန်အမင်း သောက်တာကြောင့် အသည်းတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။
(၅) အရက်ပြတ်လက္ခဏာများ ဖြစ်ပေါ်ခြင်း
အရက်ကို အလွန်အမင်း သောက်သုံးတဲ့သူတွေမှာ အရက်မသောက်ဘဲ ခဏနေလိုက်ရင် တစ်ကိုယ်လုံး တုန်ယင်တာ၊ တက်တာ၊ ခြေတုန်လက်တုန်ဖြစ်တာနဲ့ ကယောင်ကတမ်းဖြစ်တာတို့လို အရက်ပြတ်လက္ခဏာတွေ ခံစားရတတ်ပါတယ်။
(Ref;HD)