Healthy Life Ad
Health Tips

ခန္ဓာကိုယ်အစိတ်အပိုင်းကို လှုံ့ဆော်ပေးမည့် နှိပ်နယ်နည်းများ

ကိုထက်

စိတ်ဓာတ်ကျနေသလား

ခြေချောင်းထိပ်ကို နှိပ်ပေးပါ
ပုံမှာ ပြထားတဲ့အတိုင်း ခြေချောင်းထိပ်လေးတွေကို ၃၀-၆၀ စက္ကန့်လောက်နှိပ်ပေးပါ။ အဲဒီအခါ ဦးနှောက်နျူရွန်ထဲက ဆီရိုတိုနင် (ပျော်ရွှင်မှု ဖြစ်ပေါ်စေတဲ့ ဟော်မုန်း) အထွက်တိုးလာပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံး သုံးကြိမ်ခန့် ဆက်တိုက်လုပ်ဆောင်ပေးပါ။

ပျို့ချင်အန်ချင်ဖြစ်နေသလား

ခြေဖဝါးထိပ်ကို နှိပ်ပေးပါ
ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးထိပ်အသား စိုင်နေရာကို စက္ကန့် ၃၀-၆၀ လောက် စက်ဝိုင်းပုံစံ လှည့်လည်ပြီး နှိပ်ပေးပါ။ ဒါဆိုရင် ပျို့ချင်အန်ချင် စိတ်ကိုသက်သာစေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက် လုပ်ဆောင်ပေးပါ။

အိပ်မပျော်ဘူးလား

လက်သန်းအောက်ကို နှိပ်ပေးပါ
ပုံမှာ ပြထားတဲ့အတိုင်း လက်ဖဝါးပြင် လက်သန်းအောက်မှာ စက္ကန့် ၃၀-၆၀ ကြာ နှိပ်နယ်ပေးပါ။ ဒါဆိုရင် စိတ်အပန်းပြေစေပြီး အိပ်မောကျစေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက်လုပ်ဆောင်ပေးပါ။

ရာသီလာစဉ် ကိုက်ခဲနေသလား

ခြေဖဝါးအောက်ခြေကို နှိပ်ပေးပါ
ပုံမှာ ပြထားတဲ့အတိုင်း ခြေဖဝါးအောက်ခြေက အသားစိုင်နေရာကို စက္ကန့် ၃၀-၆၀ ခန့် နှိပ်ပေးပါ။ သားအိမ်ကို အနားရစေပြီး ရာသီလာစဉ်အတွင်း ခံစားရတဲ့ ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သက်သာစေပါတယ်။ ဒီနှိပ်နယ်နည်းကိုတစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက် လုပ်ဆောင်ပေးပါ။

သွေးတိုးနေသလား

ခြေဖမိုးထိပ်အလယ်နေရာကို နှိပ်ပေးပါ
ပုံမှာ ပြထားတဲ့အတိုင်း ခြေဖမိုးထိပ် အလယ်နေရာက အသားစိုင်ကို စက္ကန့် ၃၀-၆၀ ကြာ နှိပ်ပေးတာကြောင့် သွေးတိုးနေသူတွေမှာ သွေးလှည့်ပတ် စီးဆင်းမှုကောင်းစေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက် လုပ်ဆောင်ပေးပါ။

အဆစ်ရောင်နာ ဝေဒနာခံစားနေရသလား

ခြေဖဝါးဘေးနေရာကို နှိပ်ပေးပါ
ပုံမှာ ပြထားတဲ့အတိုင်း ခြေဖဝါးဘေးနေရာက အသားစိုင်ကို ၃၀-၆၀ စက္ကန့်ကြာနှိပ်နယ်ပေးပါ။ ဒါဆိုရင် ရူမတွိုက်အဆစ်ရောင်နာနဲ့ ရိုးဆစ်ရောင်ရမ်းနာကြောင့် အဆစ်နာကျင်တောင့်တင်းမှုကို သက်သာစေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက ်လုပ်ဆောင်ပေးပါ။

ခေါင်းတစ်ခြမ်းကိုက်နေသလား

လက်မကို နှိပ်ပေးပါ
ပုံမှာပြထားတဲ့အတိုင်း လက်မဘေးနေရာကို ၃၀-၆၀ စက္ကန့်ကြာနှိပ်နယ်ပေးတာကြောင့် ဦးခေါင်းကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အပန်းပြေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက် လုပ်ဆောင်ပေးပါ။

အအေးမိဝေဒနာ ခံစားနေရသလား

ခြေမထိပ်ကို နှိပ်ပေးပါ
ပုံမှာပြထားတဲ့အတိုင်း ခြေမထိပ်ကို ၃၀-၆၀ စက္ကန့်ကြာနှိပ်နယ်ပေးတာကြောင့် နှာခေါင်းမြှေး ဝေဒနာကို သက်သာစေပြီး နှာခေါင်းရဲ့ အသက်ရှူသွင်းမှုစနစ်ကို အားကောင်းစေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက် လုပ်ဆောင်ပေးပါ။

ပန်းနာရင်ကျပ်ဝေဒနာ ခံစားနေရသလား

ခြေမထိပ်အလယ်ကို နှိပ်ပေးပါ
ပုံမှာပြထားတဲ့အတိုင်း ခြေမထိပ်အလယ်နေရာကို ၃၀-၆၀ စက္ကန့်ကြာ နှိပ်နယ်ပေးတာကြောင့် ကောင်းကောင်း အသက်ရှူဖြစ်စေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက်လုပ်ဆောင်ပေးပါ။

မျိုးအောင်နိုင်စွမ်း ခက်ခဲနေသလား

လက်ကောက်ဝတ်ထိပ်ကို နှိပ်ပေးပါ
ပုံမှာ ပြထားတဲ့အတိုင်း လက်ကောက်ဝတ် ထိပ်နေရာကို ၃၀-၆၀ စက္ကန့်ကြာ နှိပ်ပေးတာကြောင့် လိင်ပိုင်းဆိုင်ရာဆဲလ်နဲ့ ဟော်မုန်းထုတ်လုပ်မှု ကောင်းမွန်စေပြီး မျိုးအောင်နိုင်စွမ်း တိုးစေပါတယ်။ ဒီနှိပ်နယ်နည်းကို တစ်ထိုင်တည်းနဲ့ အနည်းဆုံးသုံးကြိမ်ခန့် ဆက်တိုက် လုပ်ဆောင်ပေးပါ။

Ref; HD

 

Most Popular

Healthy Life Ad
To Top