Healthy Life Ad
International

ဆေးလိပ်သောက်သဖြင့် လည်ပင်းဖောက်လိုက်ရသည့် ၅၁ နှစ်အရွယ်အမျိုးသား

၊ မိုးမင်းထွန်း ၊

မစ်ကီဘရက်ဒီက လည်ပင်းကကင်ဆာအကျိတ်ကို ဖယ်ရှားပြီးနောက် သူရဲ့ဓာတ်ပုံတွေကို အွန်လိုင်းမှာ ဝေမျှလိုက်ပါတယ်။ အသက် ၅၁ နှစ်အရွယ် အမျိုးသားဟာ ၁၄ နှစ်သားကတည်းက ဆေးလိပ်သောက်ခဲ့ပြီး အာသီးကင်ဆာဖြစ်ပွားခဲ့ပါတယ်။

ဘယ်ဘက်အာသီးနဲ့ လည်ပင်းမှ အကျိတ်ကို ဖယ်ရှားခဲ့ရပြီး နားကနေ ရင်ညွန့်ရိုးအထိ ရှစ်လက်မအရွယ်ချုပ်ရိုးတစ်ခု ဖြစ်စေခဲ့ပါတယ်။

ယူကေနိုင်ငံ၊ ဘော်လ်တန်မှ ကလေးတစ်ယောက်ဖခင်ဟာ ဓာတ်ရောင်ခြည်ပေးကုသခြင်းနဲ့ ကင်ဆာဆေးသွင်းကုသခြင်းတို့ကို ခြောက်ပတ်ကြာကြာ ခံယူရဖို့ရှိပြီး ဆရာဝန်တွေကတော့ ရောဂါကို အနိုင်ယူနိုင်မယ် လို့မျှော်လင့်နေကြပါတယ်။ အာသီးကင်ဆာဟာ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ အမျိုးအစားဖြစ်ပြီး ပါးစပ်အနောက် လည်ချောင်းထဲမှာဖြစ်ပွားလေ့ရှိပါတယ်။ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကြောင့် အများဆုံးဖြစ်ပွားတယ်လို့ သိရပါတယ်။

“ဓာတ်ပုံတွေနဲ့လူတွေကို ထိတ်လန့်အောင် လုပ်တာမဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်ကို သိရှိအောင်ဝေမျှတာပါ။ ဓာတ်ပုံတွေကြောင့် လူတစ်ယောက်လောက်ကို ဆေးလိပ်ဖြတ်အောင် ပြုလုပ်နိုင်မယ်ဆိုရင်တောင် ကျေနပ်ပါတယ်”လို့ ဘရက်ဒီက ပြောဆိုခဲ့ပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top