Healthy Life Ad
Life Style

ကျောင်းသား၊ ကျောင်းသူတို့ စာမေးပွဲတွင် အဆင့်ကောင်းကောင်းရရှိအောင် ဖြေဆိုနိုင်မည့် နည်းလမ်းများ

ငွေကြယ်စင်ယံ

စာမေးပွဲနီးလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ စိတ်လှုပ်ရှားနေနိုင်ပါ တယ်။ စာမေးပွဲမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ရာအတွက် သင်ခန်းစာတွေကို ကောင်းကောင်း လေ့လာဖို့လိုသလို ကျန်းမာလန်းဆန်းနေဖို့ရာ အတွက် နည်းလမ်းကောင်းတွေကိုလည်း လိုက်နာသင့်ပါတယ်။

* အာရုံစူးစိုက်မှုကောင်းပြီး မှတ်ဉာဏ်ထက်သန်စေမည့် အစာများစားပါ
ဦးနှောက်ဟာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် လိုအပ်ပါတယ်။ ဘလူးဘယ်ရီသီး၊ ပန်းသီးနဲ့ ပန်းဂေါ်ဖီစိမ်း စတဲ့ အစာတွေ ကို စားတာကြောင့် ဦးနှောက်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

* သင်္ချာတွက်နေချိန် တေးသီချင်းနားဆင်ပါ
သင်္ချာတွက်တဲ့အခါမှာ အိပ်မငိုက်စေဖို့နဲ့ မှတ်ဉာဏ်ထက်သန်စေဖို့ မြူးကြွတဲ့ တေးသီချင်းကို နားဆင်ပေးပါ။

* အာရုံစူးစိုက်နိုင်စွမ်း လျော့ကျသွားသည့်အခါ လေ့ကျင့်ခန်းလုပ်ဆောင်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါ တယ်။ စာကျက်ချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား လေ့ကျင့်ခန်းကို မိနစ်အနည်းငယ်ခန့် လုပ်ပေးတာကြောင့် နိုးကြားလန်းဆန်းပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။

* စာသင်ကြားလေ့လာရာတွင် အနှောင့်အယှက်ဖြစ်စေသည့် နည်းပညာပစ္စည်းများ မသုံးပါနှင့်
စာသင်ကြားလေ့လာတဲ့အခါ ဖုန်း၊ လက်ပ်တော့၊ တီဗီ စတဲ့ နည်းပညာပစ္စည်းတွေကို ပိတ်ထားပါ။ ဖုန်းကို အသံပိတ်ထားပြီး ဝေးဝေးမှာ ထားတာကြောင့် အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေပါတယ်။

* အလွယ်ဆုံး အပိုင်းမှ အခက်ဆုံးအပိုင်းသို့ တိုး၍ လေ့လာသွားပါ
သင်ခန်းစာတွေကို လေ့လာသင်ယူတဲ့အခါ အလွယ်ဆုံးအပိုင်းကို အရင်ဆုံး လေ့လာပြီးမှ အခက်ဆုံးအပိုင်းကို တိုးတိုးပြီး လေ့လာမှတ်သားသွားတာ အကောင်းဆုံးပါ။

အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
စာမေးပွဲမဖြေခင် ညမှာ အိပ်ရေးဝ၀ အိပ်စက်အနားယူတာကြောင့် ဦးနှောက်ရဲ့ ကြောင်းကျိုးဆက်စပ် စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းတွေကို တိုး မြင့်စေပါတယ်။ ဒါကြောင့် အလွန်အမင်း အိပ်ရေးပျက်မခံပါနဲ့။

Most Popular

Healthy Life Ad
To Top