Healthy Life Ad
Health Tips

တစ်နေ့လုံး အထိုင်များတာက ခန္ဓာကိုယ်အပေါ်ဘယ်လို သက်ရောက်မှု ရှိစေသလဲ . . .

အခုခေတ်မှာ လူအများစုဟာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်ရတဲ့ အချိန်တွေများလာပါတယ်။ ယေဘုယျအားဖြင့် လူတွေအိပ်ရာထဲနေချိန်၊ လမ်းလျှောက်ချိန်နဲ့ယှဉ်ရင် ထိုင်ခုံပေါ်နေတဲ့အချိန်က ပိုများလာပါတယ်။ အဲဒီလို အထိုင်များတာကြောင့် ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ တစ်နေ့လုံး ထိုင်ချိန်နှစ်နာရီကြာပြီးချိန်မှာ ကောင်းတဲ့ကိုလက်စထရောအဆင့်က ၂၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။

၂။ ထိုင်ချိန်တစ်မိနစ်မှာ တစ်ကယ်လိုရီလောက်ပဲ လောင်ကျွမ်းမှုရှိပါတယ်။

၃။ ထိုင်ချိန်များတဲ့အခါ ဆီးချိုရောဂါဖြစ်နှုန်း မြင့်တက်လာပါတယ်။

၄။ ခြေသလုံးကြွက်သားတွေရဲ့ လှုပ်ရှားမှုကျသွားပါတယ်။
အထိုင်များတာကြောင့် ကျန်းမာရေးထိခိုက်မှု မဖြစ်အောင် ထိုင်ချိန် နာရီဝက်ကြာတိုင်း မတ်တတ်ရပ်ပြီး လမ်းလျှောက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top