Healthy Life Ad
Life Style

မိသားစုတစ်ခုမှာ ကျန်းမာရေးက အရေးကြီးဆုံးပါဆိုတဲ့ အဆိုတော် ဟဲလေးမိသားစု

– ကိုဟဲလေးရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု
အခုလက်ရှိကတော့ သင်္ကြန်ခွေထွက်ဖို့ရှိတယ်။ ပြီးတော့ နယ်ဘက်တွေမှာ သီချင်းတွေသီဆိုဖြစ်နေပါတယ်။

– အစ်ကိုတို့ မိသားစုမှာ တစ်ယောက်ကျန်းမာရေးတစ်ယောက် ဘယ်လိုတွေ ဂရုစိုက်အကြံပေးဖြစ်ကြပါသလဲ။
ခရီးအမြဲတမ်းသွားရတော့ နေရာစုံ၊ ဒေသစုံ ရောက်တယ်။ အစားအသောက်၊ အနေအထိုင်၊ ရာသီဥတုကအစ ဂရုစိုက်ရပါတယ်။ အစ်ကို့ အမျိုးသမီးဆိုလည်း အစ်ကို့ကို အစစအရာရာဂရုစိုက်ပေးတယ်။ အစ်ကိုက နည်းနည်းချူချာတတ်တော့ ကိုယ်က သူ့ကိုအရမ်းဂရုစိုက်ပေးရတာမျိုးမရှိပါဘူး။ များသောအားဖြင့် အစ်ကို့အမျိုးသမီးကပဲ ဂရုစိုက်ပေးတာများပါတယ်။

– အစ်ကို့အနေနဲ့ နယ်ခရီးတွေသွားရတာများတော့ ကိုယ်ရဲ့ကျန်းမာရေးအတွက် ဘယ်လိုဆေးဝါးတွေ ယူဆောင်သွားဖြစ်လဲ။
များသောအားဖြင့် အစ်ကိုက ကြီးကြီးမားမား ဖျားတာမျိုးတော့ မရှိပါဘူး။ နှာခေါင်းပိတ်တာ၊ နှာစီး၊ ချောင်းဆိုးတာတို့တော့ဖြစ်တတ်ပါတယ်။ နယ်ဘက်တွေသွားတာများရင် ဖုန်တွေရှုမိတယ်၊ ရာသီဥတု ကြောင့်လည်း နှာစီးတာပါ။ အိတ်ဆောင်ဆေးဝါး တွေကတော့ ယူဖြစ်ပါတယ်။

– အစ်ကိုတို့မိသားစုက ကျန်းမာရေးနဲ့ညီအောင် ဘယ်လိုစားသောက်ဖြစ်ပါသလဲ၊ နယ်ဘက်တွေသွားရင်ရော ဘယ်လိုမျိုး ရွေးချယ်စားဖြစ်ပါသလဲ။
အိမ်မှာဆိုရင်တော့ ကျန်းမာရေးနဲ့အညီ ချက်စားဖြစ်တယ်။ နယ်ခရီးတွေသွားရတာများတော့ သန့်ရှင်း လတ်ဆတ်တဲ့ဆိုင်ကို ရွေးချယ်စားသုံးဖြစ်ပါတယ်။

– ကိုဟဲလေးတို့ မိသားစုမှာ ကျန်းမာရေးက ဘယ်လောက်အရေးကြီးပါသလဲ။
မိသားစုတစ်ခုမှာ ကျန်းမာရေးက အရေးကြီးဆုံးပါ။ ဘယ်လောက်ပဲ စီးပွားရှာနိုင်၊ ရှာနိုင် ကျန်းမာရေး မကောင်းရင်တော့ မိသားစုတစ်ခုလုံး စိတ်ညစ်ရပါတယ်။ ကျန်းမာရေးမကောင်းဖြစ်မယ်လို့ ဘယ်သူမှတော့ ကြိုတင်မသိနိုင်ပါဘူး။ အဓိက ကိုယ်ကပဲ ကျန်းမာရေးကောင်းအောင် နေထိုင်ရမယ်။ မဖြစ်ခင်ကြိုတင် ကာကွယ်တာက အကောင်းဆုံးပါ။

– အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အတိုက်အခိုက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းလေ့ရှိပါသလဲ။
ဘယ်အလုပ်မဆို လူတိုင်းမှာ အတိုက်အခိုက်ဆိုတာရှိပါတယ်။ အစ်ကိုကတော့ ကိုယ့်အလုပ်ကို အကောင်းဆုံးနဲ့ အမှန်အကန်ဆုံးဖြစ်အောင်လုပ်တယ်။ ဘယ်လောက်ပဲ အတိုက်အခိုက်တွေရှိပါစေ၊ ကိုယ်လျှောက်တဲ့လမ်းက အမှန်ဆုံးဖြစ်အောင်ပဲကြိုးစားပြီး နေထိုင်ပါတယ်။

– လက်ရှိသားလေးနှစ်ယောက်အပြင် ရင်သွေးထပ်ယူဖို့ရှိပါသလား။
နောက်ထပ်ရင်သွေးထပ်ယူဖို့တော့ မရှိပါဘူး။ သားလေးနှစ်ယောက်ကိုပဲ အကောင်းဆုံးပြုစုပျိုးထောင် သွားမှာပါ။

– ကိုဟဲလေးအနေနဲ့ ကျန်းမာရေးဗဟုသုတတွေကို ဘယ်လိုလေ့လာလိုက်စားဖြစ်ပါသလဲ။
အဓိက စာဖတ်တယ်၊ ဆရာဝန် မိတ်ဆွေတွေနဲ့တွေ့ရင် ကိုယ်သိချင်တဲ့ ကျန်းမာရေးအကြောင်းလေးတွေ မေးပါတယ်။ လူကြီး မိဘတွေရဲ့ သွန်သင်ဆုံးမမှုကိုလည်း နားထောင်ပါတယ်။

Most Popular

Healthy Life Ad
To Top