Healthy Life Ad
Health Tips

ဟန်းနီးမွန်းခရီးသွားရာတွင် စားသင့်သည့် အကောင်းဆုံး စူပါအစာများ

၊ ကိုထက် ၊

ကိုယ်ချစ်တဲ့သူနဲ့ အတူလက်တွဲနိုင်ခဲ့ပြီးချိန်မှာ ချစ်ဇနီးနဲ့အတူ ဟန်းနီးမွန်းခရီးသွားရတာက ဘဝမှာ အပျော်ရွှင်ရဆုံး ခရီးတွေထဲက တစ်ခုပါ။ အဲဒီခရီးလမ်းမှာ ချစ်စိတ်ကို မြင့်တက်စေမယ့် အကောင်းဆုံး အစာတွေကို စားသောက်သင့်ပါတယ်။

– နွားနို့

အိန္ဒိယဓလေ့ထုံးစံအရ မင်္ဂလာဦးညမှာ သတို့သမီးတွေက သတို့သားဆီကို နွားနို့ တစ်ဖန်ခွက်ယူ ဆောင်လာရတယ်လို့ သိရပါတယ်။ အကြောင်းကတော့ နွားနို့က ချစ်စိတ်တိုးစေတဲ့ အာဟာရလို့ ယူဆ ထားလို့ပါ။ ထောပတ်၊ ခရင်မ်နဲ့ မလိုင်ပါတဲ့ နွားနို့ စတဲ့ အဆီများတဲ့ အစာတွေက လိင်ဟော်မုန်းကို မြင့် တက်စေပါလိမ့်မယ်။

– ကမာကောင်

ချစ်စိတ်တိုးစေတဲ့ အစာလို့ ရေပန်းစားတဲ့ ကမာကောင်ဟာ လိင်စိတ်ဆန္ဒကို အားကောင်းစေရုံသာမက အမျိုးသားတစ်ယောက်ရဲ့ သုက်ကောင်ထွက်ရှိ မှုကိုလည်း အားပေးပါတယ်။

– ဝိုင်နီ

ဝိုင်နီက လိင်မှုဘဝအပေါ် ကောင်းတဲ့ သက်ရောက်မှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဝိုင်နီ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်သောက်တာကြောင့် သွေးလှည့်ပတ်မှုကောင်းပြီး ချစ်ရေးချစ်ရာမှာအဆင် ပြေချောမွေ့မှုရှိစေပါတယ်။ အဲဒီ့ထက် ပိုမသောက်ပါနဲ့။

– ချောကလက်

ချောကလက်မှာ သီအိုဘရိုမင်းဓာတ် ပါဝင်တာကြောင့် လိင်မှုကိစ္စကို နိုးကြွစေပါတယ်။ ချောကလက်စားတာကြောင့် စိတ်ခံစားမှုကောင်းပြီး အိမ်ထောင်ရေးမှာ ပိုအဆင်ပြေလာစေပါတယ်။

– ဇာတိပ္ဖိုလ်သီး

ဇာတိပ္ဖိုလ်သီးမှာ ပါဝင်တဲ့ဒြပ်က လိင်ပိုင်းဆိုင်ရာလှုံ့ဆော်တာပါ။ ချစ်စိတ်တိုးစေတဲ့ အစာဖြစ်တာကြောင့် ဇာတိပ္ဖိုလ်သီးစားရင် နာ့ဗ်ဆဲလ်တွေကို လှုံ့ဆော်ပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(Ref; IDT)

Most Popular

Healthy Life Ad
To Top