Healthy Life Ad
Health Tips

သက်ရှည်ကျန်းမာစေရန် မသိမဖြစ် အချက်များ

၊မီမိုး၊(ဆေးဝါးတက္ကသိုလ်)

– ရသင့်သည့်အခွင့်အရေးကို တောင်းဆိုခြင်းဖြင့် ကိုယ်ခံအားကောင်းစေနိုင်
ယေဘုယျအားဖြင့် ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုရအောင် တောင်းဆိုတတ်တဲ့သူတွေက ကျန်းမာသက်ရှည်တယ်လို့ သိရပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုနဲ့ တင်းအားလျော့နည်းတဲ့အတွက် ကိုယ်ခံအားကောင်းပြီး ကျန်းမာရေးအခြေအနေ မြင့်တက်လာလို့ ဖြစ်ပါတယ်။

– ကင်ဆာရောဂါဖြစ်နှုန်း ၃၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်
ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေကို ရှောင်တာ၊ အရက်မသောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားသောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီး တက်တက်ကြွကြွနေထိုင်တာ စတဲ့ နေထိုင်စားသောက်မှုပုံစံလေးရပ်ကိုလိုက်နာရုံနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်နိုင်ပါတယ်။

– တစ်ပတ်ခြောက်ကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စောစောသေဆုံးနိုင်ခြေကို ၄၀ ရာခိုင် နှုန်း လျော့ကျစေနိုင်
တစ်ပတ်မှာ ခြောက်ကြိမ်၊ တစ်ကြိမ်မှာ နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပေးရင် လူ့သက်တမ်းမပြည့်ခင် စောစောစီးစီး သေဆုံးနိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

– နနွင်းမှုန့် စားခြင်းဖြင့် ဦးနှောက်ကျန်းမာစေနိုင်
နနွင်းမှုန့်ထဲမှာ ပါတဲ့ ကာကူမင်ဒြပ်ပေါင်းဟာ အာရုံကြောတွေကို ကာကွယ်ပေးပြီး ဦးနှောက်ထဲက အင်တီအောက်ဆီးဒင့်အင်ဇိုင်းတွေကို အားကောင်းစေပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကောင်းမွန်စေပြီး ရောင်ရမ်းမှုလျော့ကျစေပါတယ်။

– ပွေ့ဖက်ခြင်းဖြင့် ချစ်ခင်နွေးထွေးမှု ပိုစေနိုင်
ခင်မင်သူတွေပွေ့ဖက်တာကြောင့် စွမ်းအင်တွေကို ကူးပြောင်းရရှိစေပြီး စိတ်ခံစားမှု ပိုကောင်းစေပါတယ်။

(Ref; ID)

Most Popular

Healthy Life Ad
To Top