Healthy Life Ad
Q & A

ချက်ဘယ်ဘက်အောက်နား စူးနေတယ် . . .

မေး – အသက်က ၂၂ ပါ။ ရာသီက လာခါနီး နေပါပြီ။ချက်ရဲ့ ဘယ်ဘက်အောက်နားက စူးတူးတူး ဖြစ်နေ လို့ပါရှင့်။ ဖြစ်နေတာက ၅ရက်လောက်ရှိပါပြီရှင့်။ ဒါက ရာသီအကြိုဝေဒနာလား ဆရာ။
ယဉ်မင်းလှိုင် Fb

# ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည်။

ဖြေ – ရာသီအကြိုဝေဒနာဆိုတာ ခန္ဓာကိုယ်မှာရော၊ စိတ်မှာပါ အပြောင်းအလဲတွေ အများကြီး ဖြစ်တတ်ပါတယ်။ ရာသီအကြိုဝေဒနာမှာ ရင်သားတင်းတာ၊ စိတ်တွေတိုလာတာ စသဖြင့် ဖြစ်တတ်ပါတယ်။ ရာသီ အကြိုဝေဒနာ ခံစားရတဲ့နေရာမှာ အမျိုးသမီးတွေက တစ်ယောက်နဲ့ တစ်ယောက်မတူတော့ ဝေဒနာလေး တစ်ခုကိုကြည့်ပြီး ပြောရခက်ပါတယ်။ တခြားအကြောင်း တွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top