Healthy Life Ad
Q & A

ဗိုက်အောင့်လို့ ဆေးစစ်ချင်ပါတယ် . . .

မေး ။ ကျွန်တော့်အသက်က ၂၅ နှစ်ပါ။ ကိုယ်အလေးချိန်က ပိုကျလာတဲ့အပြင် ဗိုက်လည်း ခဏခဏ အောင့်နေပါတယ်။ အဲဒါ ဘယ်လို ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်သင့်ပါသလဲ သိချင်လို့ပါ။
ဗညား၊ လှိုင်သာယာ။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးသည် ။

ဖြေ ။ ဗိုက်က ခဏခဏ အောင့်တယ်ဆိုတော့ အာထရာဆောင်းရိုက်ကြည့်ဖို့ လိုပါတယ်။ အာထရာဆောင်း မှာ ဘာမှမတွေ့ဘူးဆိုရင် အစာအိမ်ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် လိုအပ်ရင် မှန်ပြောင်း (Endoscope) ကြည့်သင့် ကြည့်ရပါမယ်။ ပိန်တာကတော့ အကြမ်းဖျင်းအားဖြင့် HIVပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ ကင်ဆာ၊ လည်ပင်းကြီး ဟော်မုန်းများတဲ့ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ခဏခဏဖြစ်တာ၊ တီဘီရောဂါ စတာတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါကြောင့် အဲဒါ့တွေ ရှိ၊ မရှိ စစ်ကြည့်ဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top