Healthy Life Ad
Health Tips

သွေးအမျိုးအစားအလိုက် စားသင့်သည့် အစာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးအမျိုးအစားအလိုက် သင့်တော်တဲ့ အစာကို စားတာကြောင့် ကျန်းမာရေးကို ပိုကောင်းစေပါတယ်။ သွေးအမျိုးအစားအလိုက် အကောင်းဆုံး အစာတွေကို စားပေးရင် ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျော့ကျစေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

သင်က အိုသွေးပိုင်ရှင်ဖြစ်လျှင်
အိုသွေးပိုင်ရှင်တွေက အသားနဲ့ ငါးကို များများစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပရိုတင်းဓာတ်များများ လိုအပ်လို့ပါ။ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ ပဲနဲ့ပဲသီးကတော့ လေပွစေလို့ အများကြီး မစားသင့်ပါဘူး။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုတော့ စားပေးရပါမယ်။ ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် ဂျုံ၊ ပြောင်းနဲ့ အဆီအအိမ့်တွေကို တတ်နိုင်သမျှ လျှော့စားရပါမယ်။

သင်က အေသွေးပိုင်ရှင်ဖြစ်လျှင်
အေသွေးပိုင်ရှင်တွေက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို များများစားသင့်ပါတယ်။
ကိုယ်ခန္ဓာသွယ်လျကျန်းမာချင်တယ်ဆိုရင် ဂျုံ၊ ပဲနဲ့ အသားကို ရှောင်တာ အကောင်းဆုံးပါ။

သင်က ဘီသွေးပိုင်ရှင်ဖြစ်လျှင်
ဘီသွေးပိုင်ရှင်ဖြစ်တာ ကံကောင်းပါတယ်။ အသား၊ ဥအမျိုးမျိုး၊ ကောက်နှံစာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသင့်တဲ့ သွေးအုပ်စုပိုင်ရှင် ဖြစ်လို့ပါပဲ။ ဒါပေမဲ့ ကြက်သားကိုတော့ တတ်နိုင်သမျှ လျှော့စားပါ။
ကိုယ်အလေးချိန် ထိန်းချင်ရင် မြေပဲ၊ ပဲနီလေး၊ ပြောင်းနဲ့ အစေ့အဆန်တွေကို တတ်နိုင်သမျှ လျှော့ စားသင့်ပါတယ်။

သင်က အေဘီသွေးပိုင်ရှင်ဖြစ်လျှင်
အေဘီသွေးပိုင်ရှင်တွေက ဘယ်လိုအစာပဲဖြစ်ဖြစ် အသင့်အတင့်စားနိုင်ပါတယ်။ ကိုယ်အလေးချိန် အများကြီး မမြင့်တက်စေဖို့ နာနတ်သီး၊ ပင်လယ်စာနဲ့ တိုဟူးတွေကို ပိုစားပေးပါ။ နို့နဲ့ နို့ထွက်ပစ္စည်း ပါတဲ့ အစာတွေကိုလည်း များများ စားပေးသင့်ပါတယ်။
ကိုယ်ခန္ဓာ သွယ်လျချင်ရင်တော့ အနီရောင်အသား၊ ပဲသီး၊ ပြောင်း၊ အစေ့အဆန်စတာတွေကိုတတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။
(Ref ; HD)

Most Popular

Healthy Life Ad
To Top