Healthy Life Ad
Health Tips

ဓာတ်မတည့်မှုကြောင့် နှာစေးခြင်းအတွက် အိမ်တွင်းကုထုံး

၊ ငွေကြယ်စင်ယံ ၊
နုံးချည့်ညောင်းညာတာ၊ နှာစေးတာ၊ မျက်စိယားတာ၊ မျက်ရည်ပူကျတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာနဲ့ နှာချေတာတွေက ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတဲ့ ဝေဒနာလက္ခဏာ ဖြစ်ပါတယ်။ ဖုန်မှုန့်၊ မှိုပိုး၊ ပန်းဝတ်မှုန်နဲ့ တိရစ္ဆာန်ထွက်မစင်တွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါ တယ်။

– နှာခေါင်းလမ်းကြောင်းကို ဆားရည်ဖြင့် သန့်စင်ပါ
ဓာတ်မတည့်မှုကြောင့် နှာစေးတဲ့အခါ နှာခေါင်းထဲက အချွဲတွေ ကင်းစင်သွားစေဖို့ ဆားရည်နဲ့ သန့်စင် ပေးရပါမယ်။ ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး အဲဒီအရောအနှောကို နှာခေါင်းပေါက်တစ်ဖက်စီမှာ အစက် အနည်းငယ် ထည့်ကာ သန့်စင်ပါ။ ဒီနည်းကို တစ်နေ့ နှစ်ကြိမ်လုပ် ဆောင်ပေးရမှာ ဖြစ်ပါတယ်။

– ရေနွေးငွေ့ရှူပါ
ရေနွေးငွေ့ရှူတာကြောင့် အချွဲတွေကို ပျော်စေပြီး အသက်ဝ၀ရှူဖြစ်စေပါတယ်။ ဘေစင်မှာ ရေပူလောင်းချ ကာ ခေါင်းမှာ တဘတ်အုပ်ပြီး ဘေစင်ပေါ်မှာ မျက်နှာအပ်ကာ ရေနွေးငွေ့ကို ရှူရှိုက်ပေးပါ။

– ချင်း(ဂျင်း)လက်ဖက်ရည်တစ်ခွက် သောက်ပါ
ချင်း(ဂျင်း)ဟာ ဓာတ်မတည့်တဲ့ ဝေဒနာကို ချက်ချင်း သက်သာစေတဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ချင်းလက်ဖက်ရည်တစ်ခွက်မှာ ဟစ္စတာမင်းဓာတ်ကို တွန်းလှန်ပေးပြီး ဓာတ်မတည့်တဲ့ တုန့်ပြန်မှုတွေကို ချိုး နှိမ်ပေးပါတယ်။ ချင်းလက်ဖက်ရည် တစ်ခွက်သောက်တာကြောင့် နှာရည်ကျတာ၊ ချောင်းဆိုးတာနဲ့ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေကို ချက်ချင်းသက်သာစေနိုင်ပါတယ်။

– ကြက်သွန်ဖြူစိတ် ဝါးစားပါ
ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတာ သက်သာစေဖို့ ကြက်သွန်ဖြူစားသင့်ပါတယ်။ တစ်နေ့မှာ ကြက် သွန်ဖြူ နှစ်စိတ်-သုံးစိတ်စားတာကြောင့် ဓာတ်မတည့်တဲ့ ဝေဒနာသက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူထဲ ပျား ရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့် စိမ်သောက်ရင် ဓာတ်မတည့်တဲ့ ဝေဒနာသက်သာသွားမှာပါ။

– ရှလကာရည်ဖြင့် ပလုတ်ကျင်းပါ
ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းထည့်တာ တစ်နေ့ သုံးကြိမ်လောက် ပိုက်နဲ့ စုပ်ယူကာ အာလုတ်ကျင်းပေးပါ။

– နနွင်းမှုန့်ခတ်ထားသည့် နွားနို့သောက်ပါ
နနွင်းမှုန့်မှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင် ရမ်းမှုကို တွန်းလှန်ပေးတဲ့ အစွမ်းရှိတာကြောင့် ဓာတ် မတည့်ရာက ဖြစ်တဲ့ နှာစေးတာကို သက်သာစေပါတယ်။ နွားနို့ပူပူ တစ်ဖန်ခွက်ထဲ နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းဖျော်ထည့်ပြီး တစ်နေ့ နှစ်ကြိမ်ခန့် မျိုချပေးပါ။
(Ref: HD)

Most Popular

Healthy Life Ad
To Top