Healthy Life Ad
Health Tips

ဓာတ်မတည့်မှုဖြစ်ဖို့ အားပေးတဲ့အရာများ

—–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—–

ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာနဲ့ ချွဲသလိပ်ထတာ စတာတွေကို မကြာခဏ ခံစားနေရပါသလား။ ဒီဝေဒနာတွေက ဓာတ်မတည့်မှုနဲ့ ချောင်းဆိုးရင်ကျပ်တာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဓာတ်မတည့်မှုနဲ့ ချောင်းဆိုးရင်ကျပ်လက္ခဏာတွေကို ရှောင်လွှဲနိုင်ဖို့ အောက်ပါအရာတွေကို ရှောင်ရှားဖို့လိုပါတယ်။

ပိုးဟပ်နှင့် အခြားအိမ်ရှိအင်းဆက်များ

အသန့်ရှင်းဆုံး အိမ်တွေမှာတောင် ပိုးဟပ်၊ ယင်ကောင်၊ မှက် စတဲ့အကောင်တွေ ရှိတတ်ပါတယ်။ ဒီအင်းဆက်ပိုးတွေက ထွက်တဲ့ချေးတွေက အသက်ရှူလမ်းကြောင်းအပေါ် မကောင်းတဲ့သက်ရောက်မှု ဖြစ်စေပြီး ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။

ဘယ်လိုရှောင်ရှားမလဲ – ကြမ်းခင်းနဲ့ ဘုံပိုင်ခေါင်းတွေကို သန့်ရှင်းစင်ကြယ်အောင်ထားပြီး အိမ်ထဲကို အင်းဆက်ပိုးတွေ မဝင်ရောက်လာအောင် ကာကွယ်ပါ။ အံဆွဲ၊ ဗီရိုနဲ့ တခြားမည်းမှောင်တဲ့ အခန်းထောင့်လို နေရာမျိုးမှာ အင်းဆက်တွေ ကပ်ငြိနေနိုင်တဲ့အတွက် မကြာခဏ သန့်ရှင်းရေးပြုလုပ်ပြီး အင်းဆက်ချေးတွေကို ဖုန်စုပ်စက်နဲ့ ဖယ်ရှားသန့်စင်ပါ။

ဖုန်မှုန့်မွှားများ

မဖိတ်ခေါ်ဘဲဝင်လာတဲ့ အင်းဆက်ပိုးတွက သေးငယ်လွန်းတာကြောင့် အသက်ရှူလမ်းကြောင်းပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒီအရာတွေနဲ့ ထိတွေ့ရှူရှိုက်မိတဲ့အခါ ဓာတ်မတည့်မှုဖြစ်စေပြီး ချောင်းဆိုးရင်ကျပ်လက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ဘယ်လိုရှောင်ရှားမလဲ – ခန်းဆီးလိုက်ကာ၊ ကြမ်းခင်း၊ အိမ်တွင်းပရိဘောဂပစ္စည်းတွေကို ဖုန်သုတ်ပါ။ အိပ်ရာခင်းကို တစ်ပတ်တစ်ခါလျှော်ပါ။ ခေါင်းအုံးနဲ့ မွေ့ရာတွေကို အမြဲဖုံးအုပ်ထားပါ။

အချို့အစာများ

မြေပဲနဲ့ ပုဇွန်လို အခွံမာငါးတွေဟာ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်သလို မတည့်တဲ့သူတွေမှာ ချောင်းဆိုး၊ ရင်ကျပ်တာကို ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုရှောင်ရှားမလဲ – သင့်ကို ဓာတ်မတည့်မှုဖြစ်စေတဲ့ အစာတွေကို ရေးမှတ်ထားပြီး ရှောင်ပါ။

မှိုပိုးများ

သင့်အိမ်တွင်းမှာ စိုထိုင်းတဲ့နေရာဟာ သင့်ကို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့နေရာပါ။ ရေချိုးခန်း၊ အဝတ်လျှော်တဲ့နေရာနဲ့ မြေအောက်ခန်းတို့ဟာ ဓာတ်မတည့်မှုဖြစ်စေပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

ဘယ်လိုရှောင်ရှားမလဲ – နှာခေါင်းစည်းတပ်ပြီး မှိုနဲ့ရေညှိတွေကို ဖယ်ရှားသန့်စင်ပါ။ အိမ်တွင်း စိုစွတ်တဲ့နေရာတွေကို ခြောက်သွေ့အောင်ထားပါ။

တိရစ္ဆာန်အညစ်အကြေးများ

အိမ်မွေးတိရစ္ဆာန် အမွေးအမှင်တွေက အဝတ်အစားနဲ့ ပရိဘောဂပစ္စည်းတွေမှာ ကပ်ငြိနေပြီး ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန် အညစ်အကြေးတွေက အလွန်သေးငယ်ပြီး ရှူသွင်းမိတဲ့အခါ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

ဘယ်လိုရှောင်ရှားမလဲ – ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူချင်ရင် သန့်ရှင်းရေးကို စနစ်တကျလုပ်ဆောင်ပါ။ ဒါမှမဟုတ် သူတို့ကို သီးခြားနေရာထားပေးပါ။

Most Popular

Healthy Life Ad
To Top